ခ်မ္းခ်မ္းရဲ့သမီးေလးဟာ အားလုံးရဲ့မ်က္စိေရွ႕မွာတင္ပဲ အသက္ (၇) ႏွစ္အရြယ္ေရာက္လာခဲ့ ပါၿပီ။ ကေလးနဲ႔အရြယ္နဲ႔မလိုက္ဖက္ ေအာင္ ထူးခၽြန္ၿပီး ဉာဏ္ထက္တဲ့ကေလးေလးျဖစ္ကာ ေဖေဖ ေမေမတို႔ကိုလည္း အျမဲတမ္းေပ်ာ္ရႊင္ေအာင္ဖန္တီးေပးတတ္သူေလး ပါ။ ေဖေဖနဲ႔ပဲရွိေစ ေမေမနဲ႔ပဲရွိေစ ႏွစ္ေယာက္လုံးအတြက္ အျပဳံးေတြကိုသယ္ေဆာင္လာေပးနိုင္သူေလးပါပဲ။ မၾကာခဏဆိုသလို ေဖေဖနဲ႔လည္းရိုက္ကြင္းေတြလိုက္သြားတတ္ၿပီး ေမေမ့နဲ႔ရွိုးပြဲေတြမွာလည္း သမီးေလးက မပါမျဖစ္ပါပဲ။

မၾကာခင္မွာလည္း ညီမေလးတစ္ေယာက္ရလာေတာ့မွာျဖစ္လို႔ သမီးေလးလိုခ်င္တဲ့ ေႏြးေထြးတဲ့ မိသားစုဘဝေလးကိုဖန္တီးေပးနိုင္ ေတာ့မယ့္ ေမေမခ်မ္းခ်မ္းတဲ့ ပီတိဟာ ျမင္သူတိုင္းကိုလည္း ထပ္တူၾကည္ႏူးေစပါတယ္။ မၾကာခင္မွာပဲ မိသားစုထဲကို ေရာက္လာေတာ့မယ့္ သမီးေလးအတြက္ ေမေမခ်မ္းခ်မ္းတို႔ဇနီးေမာင္ႏွံအျပင္ သမီးေလးဂဂၤါကပါ ေမၽွာ္တလင့္လင့္နဲ႔ ေပ်ာ္မဆုံးျဖစ္ေနၾကပါတယ္။

သမီးေလးအတြက္ေမြးေန႔ဆုေတာင္းကိုလည္း ” Happy Birthday အေမ့သမီးေလး (၇) ႏွစ္ျပည့္မွသည္ေနာင္ႏွစ္ေပါင္းမ်ားစြာ တိုင္ေအာင္ ယဥ္ေက်းသိမ္ေမြ႕တဲ့ ခ်စ္စရာေကာင္းတဲ့ ရိုးသားျဖဴစင္တဲ့ ညဏ္ပညာထက္ျမက္တဲ့ မိန္းမေကာင္း မိန္းမျမတ္ေလး ျဖစ္ပါေစသမီးေရ ဒီဘဝမွာေမေမ့သမီးေလးအျဖစ္ေမြးဖြားခြင့္ရတဲ့သမီးေလးကို ေမေမခ်စ္လို႔မဆုံးပါဘူး သမီးေလးဘဝမွာ ဒီထက္ေပ်ာ္ရြင္စရာေတြခ်ည္းပဲရပါေစေနာ္ သမီးေလးအတြက္ညီမေလးလဲမၾကာမီရေတာ့မွာမို႔ အေမ့သမီးေလး မိသားစုစုံလင္စြာ ေနခြင့္ရေတာ့မယ္ i love u my baby ” ဆိုၿပီး ေမေမက ၾကည္ၾကည္ႏူးႏူးေလးဆုေတာင္းစကား ေျပာခဲ့ပါတယ္။

Credit– Cele Zone
Photo – Chan Chan

ချမ်းချမ်းရဲ့သမီးလေးဟာ အားလုံးရဲ့မျက်စိရှေ့မှာတင်ပဲ အသက် (၇) နှစ်အရွယ်ရောက်လာခဲ့ ပါပြီ။ ကလေးနဲ့အရွယ်နဲ့မလိုက်ဖက် အောင် ထူးချွန်ပြီး ဉာဏ်ထက်တဲ့ကလေးလေးဖြစ်ကာ ဖေဖေ မေမေတို့ကိုလည်း အမြဲတမ်းပျော်ရွှင်အောင်ဖန်တီးပေးတတ်သူလေး ပါ။ ဖေဖေနဲ့ပဲရှိစေ မေမေနဲ့ပဲရှိစေ နှစ်ယောက်လုံးအတွက် အပြုံးတွေကိုသယ်ဆောင်လာပေးနိုင်သူလေးပါပဲ။ မကြာခဏဆိုသလို ဖေဖေနဲ့လည်းရိုက်ကွင်းတွေလိုက်သွားတတ်ပြီး မေမေ့နဲ့ရှိုးပွဲတွေမှာလည်း သမီးလေးက မပါမဖြစ်ပါပဲ။

မကြာခင်မှာလည်း ညီမလေးတစ်ယောက်ရလာတော့မှာဖြစ်လို့ သမီးလေးလိုချင်တဲ့ နွေးထွေးတဲ့ မိသားစုဘဝလေးကိုဖန်တီးပေးနိုင် တော့မယ့် မေမေချမ်းချမ်းတဲ့ ပီတိဟာ မြင်သူတိုင်းကိုလည်း ထပ်တူကြည်နူးစေပါတယ်။ မကြာခင်မှာပဲ မိသားစုထဲကို ရောက်လာတော့မယ့် သမီးလေးအတွက် မေမေချမ်းချမ်းတို့ဇနီးမောင်နှံအပြင် သမီးလေးဂင်္ဂါကပါ မျှော်တလင့်လင့်နဲ့ ပျော်မဆုံးဖြစ်နေကြပါတယ်။

သမီးလေးအတွက်မွေးနေ့ဆုတောင်းကိုလည်း ” Happy Birthday အမေ့သမီးလေး (၇) နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာ တိုင်အောင် ယဉ်ကျေးသိမ်မွေ့တဲ့ ချစ်စရာကောင်းတဲ့ ရိုးသားဖြူစင်တဲ့ ညဏ်ပညာထက်မြက်တဲ့ မိန်းမကောင်း မိန်းမမြတ်လေး ဖြစ်ပါစေသမီးရေ ဒီဘဝမှာမေမေ့သမီးလေးအဖြစ်မွေးဖွားခွင့်ရတဲ့သမီးလေးကို မေမေချစ်လို့မဆုံးပါဘူး သမီးလေးဘဝမှာ ဒီထက်ပျော်ရွင်စရာတွေချည်းပဲရပါစေနော် သမီးလေးအတွက်ညီမလေးလဲမကြာမီရတော့မှာမို့ အမေ့သမီးလေး မိသားစုစုံလင်စွာ နေခွင့်ရတော့မယ် i love u my baby ” ဆိုပြီး မေမေက ကြည်ကြည်နူးနူးလေးဆုတောင်းစကား ပြောခဲ့ပါတယ်။

Credit– Cele Zone
Photo – Chan Chan