ပရိသတ္ႀကီးေရ ဒီေန႔ ဇန္နဝါရီလ (၁၁)ရက္ေန႔ေလးကေတာ့ ပရိသတ္ေတြရဲ့အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီး စမိုင္းလ္ရဲ့ သမီးႀကီးျဖစ္သူ ေပၚရွာရဲ့ (၁၆)ႏွစ္ျပည့္ေမြးေန႔ရက္ျမတ္က်ေရာက္တဲ့ ေန႔ရက္ေလးပဲျဖစ္ပါတယ္။ စမိုင္းကေတာ့ ဒီေန႔ သမီးျဖစ္သူရဲ့ ေမြးေန႔ေလးအတြက္လည္း သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန အခုလိုပဲေမြးေန႔ဆုမြန္ေကာင္းေတြေတာင္းေပးထားပါေသးတယ္။

“ေမေမ့သမီးႀကီး ၁၆ႏွစ္လည္းျပည့္ၿပီဆိုေတာ့ပိုၿပီးစဥ္းစားတတ္လာရမယ္၊ လူေတြအေၾကာင္းသိေအာင္ႀကိဳးစားရမယ္။ ကိုယ္တိုင္လည္း Online shop ေလးလုပ္ေနၿပီဆိုေတာ့လူေတြကိုဘယ္လိုေျပာဆိုရမယ္ဆိုတာေတြလည္းေျဖးေျဖးခ်င္းသေဘာေပါက္ေနၿပီ။ ပ္ုက္ဆံရွာရတာထင္သေလာက္မလြယ္ဘူးဆိုတာသိလာၿပီေနာ္။ အလုပ္ေတြအဆင္ေျပလာေလပိုပင္ပန္းေလဆိုတာလည္းသိလာၿပီေနာ္။ ဘဝမွာလုပ္စရာေတြအမ်ားႀကီးက်န္ေသးတယ္ ေအးေဆး ကေလးေလးလုပ္အုန္းေနာ္။ လိမၼာသိတတ္တဲ့ကေလးေလးေမေမနဲ႔ daddy ရဲ့အသဲႀကီးသမီး Portia ” ဆိုၿပီး ေမြးေန႔ဆုေတာင္းေပးထားတာပါ။

စမိုင္းလ္ကေတာ့ ဒီေန႔မွာ ေမြးေန႔က်ေရာက္တဲ့ သမီးႀကီးရဲ့ (၁၆)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အေနနဲ႔ လည္း ေအာင္ဇမၺဴေတာရ ဓမၼရိပ္သာ ပိဋကတ္သုံးပုံရြတ္ဖတ္ပူေဇာ္ပြဲမွာ ေန႔ဆြမ္းဆက္ကပ္ျခင္းနဲ႔ နိုင္လြန္ကတၱရာလမ္းလႉဒါန္းျခင္း အလႉပြဲကို ျပဳလုပ္ခဲ့ပါတယ္။ပရိသတ္ႀကီးေရ ဒီေန႔မွာေမြးေန႔က်ေရာက္တဲ့ စမိုင္းလ္ရဲ့ သမီးႀကီး ေပၚရွာရဲ့ ေမြးေန႔ေလးအတြက္ ေမြးေန႔ဆုမြန္ေကာင္းေတြေတာင္းေပးခဲ့ၾကပါဦးေနာ္။

Credit – CeleZone
Source – စမိုင္းလ္ Smile

ပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၁၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီး စမိုင်းလ်ရဲ့ သမီးကြီးဖြစ်သူ ပေါ်ရှာရဲ့ (၁၆)နှစ်ပြည့်မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ စမိုင်းကတော့ ဒီနေ့ သမီးဖြစ်သူရဲ့ မွေးနေ့လေးအတွက်လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲမွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။

“မေမေ့သမီးကြီး ၁၆နှစ်လည်းပြည့်ပြီဆိုတော့ပိုပြီးစဉ်းစားတတ်လာရမယ်၊ လူတွေအကြောင်းသိအောင်ကြိုးစားရမယ်။ ကိုယ်တိုင်လည်း Online shop လေးလုပ်နေပြီဆိုတော့လူတွေကိုဘယ်လိုပြောဆိုရမယ်ဆိုတာတွေလည်းဖြေးဖြေးချင်းသဘောပေါက်နေပြီ။ ပ်ုက်ဆံရှာရတာထင်သလောက်မလွယ်ဘူးဆိုတာသိလာပြီနော်။ အလုပ်တွေအဆင်ပြေလာလေပိုပင်ပန်းလေဆိုတာလည်းသိလာပြီနော်။ ဘဝမှာလုပ်စရာတွေအများကြီးကျန်သေးတယ် အေးဆေး ကလေးလေးလုပ်အုန်းနော်။ လိမ္မာသိတတ်တဲ့ကလေးလေးမေမေနဲ့ daddy ရဲ့အသဲကြီးသမီး Portia ” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာပါ။

စမိုင်းလ်ကတော့ ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ သမီးကြီးရဲ့ (၁၆)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ လည်း အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲမှာ နေ့ဆွမ်းဆက်ကပ်ခြင်းနဲ့ နိုင်လွန်ကတ္တရာလမ်းလှူဒါန်းခြင်း အလှူပွဲကို ပြုလုပ်ခဲ့ပါတယ်။ပရိသတ်ကြီးရေ ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ စမိုင်းလ်ရဲ့ သမီးကြီး ပေါ်ရှာရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Credit – CeleZone
Source – စမိုင်းလ် Smile