


Credit – Cele Zone
Photo – Shwe Poe Eain

အနုပညာအလုပ်တွေနဲ့မအားလပ်တဲ့ကြားမှာ ကုသိုလ်ရေးမှာလည်းလက်မနှေးတတ်တဲ့ ရွှေပိုးတစ်ယောက် သူမရဲ့စိတ်အေးချမ်းရာ ဖြစ်တဲ့ သာသနာ့ဘောင်ကို ခေတ္တခဏ ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဆရာလေးတေဇာနန္ဒီအဖြစ်နဲ့ အေးအေးချမ်းချမ်း တရားအားထုတ်သလို တိရိစ္ဆာန်လေးတွေကိုလည်း အစာကျွေးပြီး ကုသိုလ်ယူဖြစ်ခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

အးချမ်းတဲ့မျက်နှာလေးကြောင့်ပရိသတ်တွေကအချစ်ပိုခဲ့ရသူလေးဖြစ်ပြီး အခုလို သာသနာ့ဘောင်ကိုဝင်ရောက်သွားတဲ့ အချိန်မှာတော့ ပိုပြီးကျက်သရေရှိတဲ့ဆရာလေးအဖြစ်နဲ့ ကုသိုလ်တွေပြုသလို သူမ ပြုတဲ့ကုသိုလ်တွေကိုလည်း မြင်တဲ့သူတွေ မုဒိတာပွားနိုင်အောင် တင်ပေးခဲ့ပါသေးတယ်။ ချစ်ခင်အားပေးတဲ့သူတွေကလည်း သူမရဲ့ကောင်းမွန်တဲ့လုပ်ရပ်တွေ ကို သာဓုခေါ်ဆိုခဲ့ကြပါတယ်။

အနုပညာရှင်တစ်ယောက်အတွက်အလှအပတစ်ခုဖြစ်တဲ့ ဆံကေသာကအရေးကြီးပေမယ့် အပူတွေကနေ ခဏတာကင်းဝေးမယ့် သာသနာ့ဘောင်ကို ဆံကေသာအလှကိုပယ်ချပြီး ရဲရဲဝံ့ဝံ့ဝင်ရောက်သွားခဲ့တဲ့ ဆရာလေးရဲ့ သတ္တိနဲ့ သာသနာအပေါ်ထားတဲ့ လေးမြတ်မှုကို အကြိမ်ကြိမ်သာဓုခေါ်မိပါတယ်။ ပရိသတ်ကြီးလည်း ထပ်တူကြည်နူးရအောင် ဆရာလေး ကုသိုလ်ပြုနေတဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Shwe Poe Eain