




Credit – Cele Zone

Photo – Nhying Shin

ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်မှုတွေအပြင် ပွင့်ပွင့်လင်းလင်းနဲ့ စကားပြောဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုပိုင်ဆိုင်ထားသူကတော့ နှိုင်းယှဉ်မြင့်မိုရ် ပဲဖြစ်ပါတယ် ။စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျစေခဲ့တာပဲ ဖြစ်ပါတယ်နော်။

ခုလို ကာလလေးမှာတော့ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း အွန်လိုင်းကနေ ကျောက်မျက်ရတနာတွေကို Live Sales ရောင်းချပေးလေ့ရှိရာ ဝယ်ယူအားပေးသူတွများခဲ့တာလည်းဖြစ် ပါတယ် ။ ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက် ပါဝင်ကူညီလှူဒါန်းလေ့ရှိတာလည်းတွေ့ရပါတယ် ။

သူရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း အမြဲ ဝေမျှပေးလေ့ရှိရာ အခုလည်း ကိုယ်ဝန်ဆောင်လေးနဲ့တောင် ဖက်ရှင်အလန်းစားတွေ ဆင်မြန်းပြီး သားလေးနဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်တွေကိုဖော်ပြလ ာပါတယ် ။ ပုံတိုင်းမှာ အခါခါပြန်ကြည့်ချင်ရလောက်အောင် မိမိုက်လွန်းတာကြောင့် ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone

Photo – Nhying Shin