


Credit – Cele Zone
Photo – Su Pan Htwar

ဆုပန်ထွာကတော့ အနုပညာအလုပ်တွေကို ယနေ့အချိန်ထိတိုင်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။တစ်ခေတ်တစ်ခါထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့ရာ ယနေ့ချိန်ထိ အောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။အမြဲနုပျိုသွက်လက်ကာ စမတ်ကျကျလှနေတာလေးကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

ဆုပန်ထွာက ချစ်စရာသားသားရယ်၊အရမ်းချစ်တတ်တဲ့ခင်ပွန်းရယ်ကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့မိသားစုဘဝလေးက သာယာစိုပြေပြီး ပရိသတ်တွေကလည်း အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။သားချောလေး Roar Roar လေးကလည်း ချစ်မွှေးလေးပါပြီး အရမ်းကို လိမ္မာလို့ ဆုပန်ထွာတို့အိမ်ရဲ့ဆည်းလည်းလေးဆိုလည်း မမှားပါဘူးနော်။

အမြဲလိုလို သူရဲ့လှုပ်ရှားမှုပုံလေးတွေအပြင် မိသားစု ပျော်ရွှင်စရာဗီဒီယိုလေးတွေကိုလည်းဖော်ပြလေ့ရှိရာ အခုလည်း အားလပ်ရက်လေးမှာ သားလေးကိုရေကူးသင်ပေးရင်း မိသားစုပျော်ပျော်ရွှင်ရွှင် အပန်းဖြေနေတာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာ စနောက်ပျော်ရွှင်နေကြတာကြည့်ရင်း ကိုယ်ပါအပျော်တွေကူးစက်မိတာအမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း ဆုပန်ထွာတို့မိသားစုလေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Su Pan Htwar