မိုးယုစံကေတာ့ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း သားဦးေလးျဖစ္တဲ့ Austin ကို ကိုယ္ဝန္လြယ္ထားရတဲ့အခ်ိန္ကစၿပီး အႏုပညာအလုပ္ေတြရပ္နားၿပီး မိသားစုကိုပဲ အခ်ိန္ေပးေနခဲ့တာပါ ။ မိုးယုစံကိုခ်စ္သလို Austin ေလးကို သည္းသည္းလႈပ္ခ်စ္ေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအတြက္ မၾကာေသးမီက မွ ဒုတိယ ကိုယ္ဝန္ကိုလြယ္ထားရၿပီျဖစ္ေၾကာင္း မိုးယုစံက အသိေပးခဲ့တာပါ ။

သားႏွစ္ေယာက္ေမေမျဖစ္ေတာ့မယ္ လူလည္းတျဖည္းျဖည္းဝလာလာတဲ့အတြက္ အလွေတြေလ်ာ့သြားပီလားမသိဘူး ဆိုတဲ့စာသားေလးနဲ႔အတူ သူမ အလွေလ်ာ့သြားေတာ့မွာကို စိုးရိမ္ေနေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေရးသားေဖာ္ျပခဲ့ပါတယ္ ။ အလွေလ်ာ့မွာ စိုးရိမ္ေပမယ့္လည္း မလွလွေအာင္ေတာ့ ပဲေပးလိုက္ဦးမယ္ဆိုတဲ့စာသားေလးနဲ႔အတူ သူမရဲ့ ကိုယ္ဝန္ေဆာင္ပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြကို မၽွေဝေပးထားပါေသးတယ္ ။

မိုးယုရဲ့ ပရိသတ္ေတြကေတာ့ သားႏွစ္ေယာက္ အေမျဖစ္ေတာ့မွာဆိုေပမယ့္လည္း အခုထိ လွေနတုန္းပဲ ခ်စ္ေနရပါတယ္ဆိုတဲ့ ၾကည္ႏူးဖြယ္မွတ္ခ်က္ေလးေတြ ေရးသားၿပီး အားေပးစကားဆိုခဲ့ၾကပါတယ္ ။ မိုးယုကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္လည္း မဗိုက္ေလး မိုးယုရဲ့ ကိုယ္ဝန္ေဆာင္ အလွပုံရိပ္ေလးေတြကို အခုပဲ မၽွေဝေပးလိုက္ပါၿပီေနာ္ ။

Source : Moe Yu San
Credit ; (Yaung Chi)

မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း သားဦးလေးဖြစ်တဲ့ Austin ကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်ကစပြီး အနုပညာအလုပ်တွေရပ်နားပြီး မိသားစုကိုပဲ အချိန်ပေးနေခဲ့တာပါ ။ မိုးယုစံကိုချစ်သလို Austin လေးကို သည်းသည်းလှုပ်ချစ်ပေးကြတဲ့ ချစ်ပရိသတ်ကြီးအတွက် မကြာသေးမီက မှ ဒုတိယ ကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်ကြောင်း မိုးယုစံက အသိပေးခဲ့တာပါ ။

သားနှစ်ယောက်မေမေဖြစ်တော့မယ် လူလည်းတဖြည်းဖြည်းဝလာလာတဲ့အတွက် အလှတွေလျော့သွားပီလားမသိဘူး ဆိုတဲ့စာသားလေးနဲ့အတူ သူမ အလှလျော့သွားတော့မှာကို စိုးရိမ်နေကြောင်း လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။ အလှလျော့မှာ စိုးရိမ်ပေမယ့်လည်း မလှလှအောင်တော့ ပဲပေးလိုက်ဦးမယ်ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ကိုယ်ဝန်ဆောင်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို မျှဝေပေးထားပါသေးတယ် ။

မိုးယုရဲ့ ပရိသတ်တွေကတော့ သားနှစ်ယောက် အမေဖြစ်တော့မှာဆိုပေမယ့်လည်း အခုထိ လှနေတုန်းပဲ ချစ်နေရပါတယ်ဆိုတဲ့ ကြည်နူးဖွယ်မှတ်ချက်လေးတွေ ရေးသားပြီး အားပေးစကားဆိုခဲ့ကြပါတယ် ။ မိုးယုကိုချစ်တဲ့ ပရိသတ်တွေအတွက်လည်း မဗိုက်လေး မိုးယုရဲ့ ကိုယ်ဝန်ဆောင် အလှပုံရိပ်လေးတွေကို အခုပဲ မျှဝေပေးလိုက်ပါပြီနော် ။

Source : Moe Yu San
Credit ; (Yaung Chi)