မင္းသမီးေခ်ာေလး ခိုင္နွင္းေဝကေတာ့ အဆင္းေရာ အခ်င္းပါျပည့္စံုသူေလးတစ္ေယာက္အျဖစ္ ပရိသတ္သတ္မွတ္ထားျခင္းခံရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခုိင္နွင္းေဝက အနုပညာလုပ္ငန္းေတြအျပင္ ပရဟိတအလုပ္ေတြကိုပါ ဦးေဆာင္လုပ္ကိုင္ေနတဲ့ ထက္ျမက္တဲ့ မိန္းမသားတစ္ေယာက္အျဖစ္ ရပ္တည္ေနတာမို့ ပရိသတ္ေတြက မေလးစားပဲနဲ့ကို မေနနိုင္ပါဘူး။ ပရဟိတလုပ္ငန္းေတြအျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိဘေတြနဲ့ခြဲခြာရတဲ့ ကေလးေတြကိုလည္း ေစာင့္ေရွာက္ထားတဲ့ ခုိင္နွင္းေဝက အခုဆိုရင္ ကေလးငယ္ေပါင္း (၄၃) ေယာက္တိတိကို မိခင္ရင္းသဖြယ္ ျပဳစုထားသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

ဒီကေန့မွာေတာ့ ခိုင္နွင္းေဝက သူမတို့ရဲ့ ေဂဟာေရွ့မွာ လမ္းေလွ်ာက္ေနၾကတဲ့ သားသမီးေတြရဲ့ ဗီဒီယိုေလးကိုမွ်ေဝျပီး “ပိစိေကြးေလးေတြကေန ဒီအရြယ္ေတာင္ ေရာက္လာၾကပါပီ…ေဂဟာေရွ ့မွာ ဟိုဘက္ထိပ္ ဒီဘက္ထိပ္ပိတ္ျပီး လမ္းေပးေလွ်ာက္တာ အရမ္းေတြ ေပ်ာ္ေနၾကတယ္ရွင္…🥰..” ဆိုကာ အနွီးထုပ္အရြယ္ေလးေတြကေန မ်က္စိေအာက္မွာတင္ လမ္းေလွ်ာက္တတ္တဲ့အရြယ္ေရာက္လာၾကတဲ့ သားသမီးေတြကိုၾကည့္ျပီး ပီတိျဖစ္ေနရတာပဲ ျဖစ္ပါတယ္။

ခိုင္နွင္းေဝကေတာ့ ခ်စ္ရတဲ့ သားသမီးေတြရဲ့ တစ္ေန့တစ္ျခား အရြယ္ေရာက္ၾကီးျပင္းလာတာကို ၾကည့္ရင္းနဲ့ပဲ ပင္ပန္းသမွ်ကို အေမာေျဖေနရတာပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝတစ္ေယာက္ အမ်ားအက်ိဳးကို ဒီထက္မက သယ္ပိုးနိုင္ပါေစလို့ ဆႏၵျပဳလုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai’s fb
Credit – Cele Connections

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်အဖြစ် ပရိသတ်သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေအပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့ ထက်မြက်တဲ့ မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။ ပရဟိတလုပ်ငန်းတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် မိဘတွေနဲ့ခွဲခွာရတဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ထားတဲ့ ခိုင်နှင်းဝေက အခုဆိုရင် ကလေးငယ်ပေါင်း (၄၃) ယောက်တိတိကို မိခင်ရင်းသဖွယ် ပြုစုထားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့မှာတော့ ခိုင်နှင်းဝေက သူမတို့ရဲ့ ဂေဟာရှေ့မှာ လမ်းလျှောက်နေကြတဲ့ သားသမီးတွေရဲ့ ဗီဒီယိုလေးကိုမျှဝေပြီး “ပိစိကွေးလေးတွေကနေ ဒီအရွယ်တောင် ရောက်လာကြပါပီ…ဂေဟာရှေ ့မှာ ဟိုဘက်ထိပ် ဒီဘက်ထိပ်ပိတ်ပြီး လမ်းပေးလျှောက်တာ အရမ်းတွေ ပျော်နေကြတယ်ရှင်…🥰..” ဆိုကာ အနှီးထုပ်အရွယ်လေးတွေကနေ မျက်စိအောက်မှာတင် လမ်းလျှောက်တတ်တဲ့အရွယ်ရောက်လာကြတဲ့ သားသမီးတွေကိုကြည့်ပြီး ပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ချစ်ရတဲ့ သားသမီးတွေရဲ့ တစ်နေ့တစ်ခြား အရွယ်ရောက်ကြီးပြင်းလာတာကို ကြည့်ရင်းနဲ့ပဲ ပင်ပန်းသမျှကို အမောဖြေနေရတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက် အများအကျိုးကို ဒီထက်မက သယ်ပိုးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Credit – Cele Connections