ျမန္မာ တစ္နိုင္ငံလံုးက လူၾကီး၊ လူငယ္ ပရိသတ္မေရြး ၾကိဳက္နွစ္သက္အားေပးၾကတဲ့ သ႐ုပ္ေဆာင္ မင္းသား ဇာဏ္ခီကေတာ့ အသက္သံုးဆယ္ေက်ာ္အရြယ္မွ ေအာင္ျမင္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ “ ဥပါယ္တံမ်ဥ္ ” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ ေအာင္ျမင္မႈေတြ အၾကီးအက်ယ္ရရိွခဲ့တဲ့ ဇာဏ္ခီကေတာ့ ကံမေကာင္းစြာနဲ့ အကယ္ဒမီဆုၾကီးနဲ့ လြဲေခ်ာ္ခဲ့ရေပမယ့္ ယခု (၂၀၁၉) ခုနွစ္မွာေတာ့ “ ထာဝရေနွာင္ၾကိဳး ” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အကယ္ဒမီရရိွနိုင္ဖို့ ပရီသတ္ေတြက ထင္ေၾကးေပးေနၾကတာ ျဖစ္ပါတယ္။ အိမ္ေထာင္ရွင္ သ႐ုပ္ေဆာင္ မင္းသားတစ္ေယာက္ျဖစ္တဲ့ ဇာဏ္ခီကေတာ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို တစ္ဖက္မွာလည္း မိသားစုရဲ့ အိမ္ေထာင္ဦးစီးအျဖစ္ တာဝန္ေတြကို ထမ္းေဆာင္ေနရသူတစ္ေယာက္ ျဖစ္ပါတယ္..။

ဒီဇင္ဘာလ (၉) ရက္ေန့ကေတာ့ သ႐ုပ္ေဆာင္မင္းသား ဇာဏ္ခီနဲ့ ဒါရိုက္တာ ခရစၥတီးနားခီတို့ရဲ့ တစ္ဦးတည္းေသာသားေလး နုိဝါရဲ့ အသက္ (၈) နွစ္ျပည့္ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ဇာဏ္ခီကလည္း နိုဝါေလးရဲ့ ေမြးေန့မွာ ဘဝတစ္ေလွ်ာက္လံုး မွတ္ထားသင့္တဲ့ ဆံုးမစကားေတြနဲ့ ေမြးေန့ဆုေတာင္းေပးခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။ “ Happy Birthday ပါ သားေရ!! လူတိုင္းမွာ သူ႔ခရီးနဲ႔ သူရွိတယ္ ဒါေၾကာင့္ ကိုယ့္ဟာကိုယ္ဘာျဖစ္မလဲဆိုတာ သိထားဖို႔လိုတယ္ ။ ဘဝကခက္ခဲတယ္ဆိုေပမယ့္ အဲဒါနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနစရာမရွိပါဘူး ”

“ မင္းအတားအဆီးမ်ားစြာကို ရင္ဆိုင္ရလိမ့္မယ္။ ဒါေပမယ့္ လမ္းတစ္ေလွ်ာက္မွာ ဘာပဲျဖစ္ျဖစ္ အခ်စ္နဲ႔ ဂ႐ုဏာေတြ မေလ်ာ့ေအာင္ ေသခ်ာလုပ္ပါ ။ ဘယ္ေလာက္ပဲ ေသးမႊားတဲ့အရာေတြျဖစ္ပါေစ အသိအမွတ္ျပဳပါ ။ အဲဒီ အရည္အေသြးကို ထိန္းသိမ္းႏိုင္ရင္ ျပည့္စံုတဲ့ ဘဝတစ္ခု မင္းရရွိလိမ့္မယ္။ ၿပီးေတာ့သားမွတ္ထားရမွာက ငါက မင္းရဲ႕ အေကာင္းဆုံး သူငယ္ခ်င္း ျဖစ္မွာပါ။ အေဖ သားကို ႏွလုံးသားတစ္ခုလုံးနဲ႔ခ်စ္တယ္ Noah. ❤️❤️❤️ ” ဟုဆိုျပီး ေမြးေန့ဆုေတာင္းေပးခဲ့တာ ျဖစ္ပါတယ္..။

သ႐ုပ္ေဆာင္ ဇာဏ္ခီကေတာ့ သူတို့ရဲ့ ပထမဦးဆံုးရင္ေသြးေလးကို ဆံုးရႈံးသြားျပီးေနာက္ ဒုတိယအၾကိမ္ အခြင့့္အေရးရရိွခဲ့တဲ့ သားေလး နိုဝါကို အသက္ထက္ေတာင္ ပိုခ်စ္ရွာသူတစ္ေယာက္ ျဖစ္ပါတယ္။ နုိဝါေလးလည္း ေမြးေန့ကစ ေပ်ာ္ရႊင္မႈေတြရရိွျပီး ေဖေဖ၊ ေမေမ အားကိုးထိုက္တဲ့ သားလိမၼာေလးတစ္ေယာက္ ျဖစ္လာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစ လို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္..။

unicode

မြန်မာ တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် ပရိသတ်မရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ သရုပ်ဆောင် မင်းသား ဇာဏ်ခီကတော့ အသက်သုံးဆယ်ကျော်အရွယ်မှ အောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ “ ဥပါယ်တံမျဉ် ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိခဲ့တဲ့ ဇာဏ်ခီကတော့ ကံမကောင်းစွာနဲ့ အကယ်ဒမီဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် ယခု (၂၀၁၉) ခုနှစ်မှာတော့ “ ထာဝရနှောင်ကြိုး ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရရှိနိုင်ဖို့ ပရီသတ်တွေက ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ရှင် သရုပ်ဆောင် မင်းသားတစ်ယောက်ဖြစ်တဲ့ ဇာဏ်ခီကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း မိသားစုရဲ့ အိမ်ထောင်ဦးစီးအဖြစ် တာဝန်တွေကို ထမ်းဆောင်နေရသူတစ်ယောက် ဖြစ်ပါတယ်..။

ဒီဇင်ဘာလ (၉) ရက်နေ့ကတော့ သရုပ်ဆောင်မင်းသား ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ တစ်ဦးတည်းသောသားလေး နိုဝါရဲ့ အသက် (၈) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဇာဏ်ခီကလည်း နိုဝါလေးရဲ့ မွေးနေ့မှာ ဘဝတစ်လျှောက်လုံး မှတ်ထားသင့်တဲ့ ဆုံးမစကားတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ “ Happy Birthday ပါ သားရေ!! လူတိုင်းမှာ သူ့ခရီးနဲ့ သူရှိတယ် ဒါကြောင့် ကိုယ့်ဟာကိုယ်ဘာဖြစ်မလဲဆိုတာ သိထားဖို့လိုတယ် ။ ဘဝကခက်ခဲတယ်ဆိုပေမယ့် အဲဒါနဲ့ပတ်သက်ပြီး စိုးရိမ်နေစရာမရှိပါဘူး ”

“ မင်းအတားအဆီးများစွာကို ရင်ဆိုင်ရလိမ့်မယ်။ ဒါပေမယ့် လမ်းတစ်လျှောက်မှာ ဘာပဲဖြစ်ဖြစ် အချစ်နဲ့ ဂရုဏာတွေ မလျော့အောင် သေချာလုပ်ပါ ။ ဘယ်လောက်ပဲ သေးမွှားတဲ့အရာတွေဖြစ်ပါစေ အသိအမှတ်ပြုပါ ။ အဲဒီ အရည်အသွေးကို ထိန်းသိမ်းနိုင်ရင် ပြည့်စုံတဲ့ ဘဝတစ်ခု မင်းရရှိလိမ့်မယ်။ ပြီးတော့သားမှတ်ထားရမှာက ငါက မင်းရဲ့ အကောင်းဆုံး သူငယ်ချင်း ဖြစ်မှာပါ။ အဖေ သားကို နှလုံးသားတစ်ခုလုံးနဲ့ချစ်တယ် Noah. ❤️❤️❤️ ” ဟုဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်..။

သရုပ်ဆောင် ဇာဏ်ခီကတော့ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ဆုံးရှုံးသွားပြီးနောက် ဒုတိယအကြိမ် အခွင့့်အရေးရရှိခဲ့တဲ့ သားလေး နိုဝါကို အသက်ထက်တောင် ပိုချစ်ရှာသူတစ်ယောက် ဖြစ်ပါတယ်။ နိုဝါလေးလည်း မွေးနေ့ကစ ပျော်ရွှင်မှုတွေရရှိပြီး ဖေဖေ၊ မေမေ အားကိုးထိုက်တဲ့ သားလိမ္မာလေးတစ်ယောက် ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။

Source: Zenn Kyi’s fb
Credit – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *