သားေလးနဲ႔ခြဲၿပီးနိုင္ငံရပ္ျခားမွာ ပညာသြားသင္ေနတဲ့ ယြန္းဝတီလြင္မိုးတို႔ဇနီးေမာင္ႏွံဟာ ခ်စ္ရတဲ့သားေလးကို ဘိုးဘိုးဘြားဘြားတို႔ လက္ထဲမွာပဲထားခဲ့ရၿပီး ပညာေရးအတြက္ ႀကိဳးစား႐ုန္းကန္ေနခဲ့ရပါတယ္။ ေက်ာင္းပိတ္ရက္ေတြေရာက္မွ သားေလးနဲ႔ျပန္ေတြ႕ဖို႔ အတြက္ ျမန္မာျပည္ကိုျပန္လာခဲ့ၿပီး မိသားစုေတြအတူတူ အေပ်ာ္ခရီးေတြထြက္ခဲ့ၾကပါတယ္။

ဒီတစ္ေခါက္မွာေတာ့ ေက်ာင္းၿပီးေတာ့မွာျဖစ္ၿပီး လာမယ့္ March လမွာ ျမန္မာျပည္ကို ျပန္လာနိုင္ေတာ့မွာပါ။ ျပန္လာေတာ့မယ့္ ရက္ေတြနီးလာၿပီမို႔ သားေလးနဲ႔လည္း မၾကာခင္ဆုံနိုင္ေတာ့မွာကိုေတြးရင္း ေမေမယြန္းကအရမ္းကို ေပ်ာ္ေနခဲ့ပါတယ္။ အခ်ိန္အၾကာႀကီး ခြဲေနရတဲ့သားေလးကို ရင္ထဲမွာအၾကာႀကီးေထြးေပြ႕ခ်င္တာ အေဝးေရာက္မိဘတိုင္းရဲ့ဆႏၵပါပဲ။

သားေလးကိုသိပ္လြမ္းတဲ့အေၾကာင္းကို ” Liam ေလးနဲ႔ေတြ႕ရဖို႔ရက္ေတြနီးလာၿပီ။ လြမ္းလိုက္တာ ” ဆိုၿပီး Liam ေလးရဲ့ ပုံနဲ႔ လူမႈကြန္ရက္မွာ ရင္ဖြင့္လာခဲ့ပါတယ္။ မၾကာေတာ့တဲ့ေနရက္မွာ မိသားစုေတြျပန္ဆုံၿပီး ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေလးေတြကို အတူတူျဖတ္သန္းရေတာ့မွာပါ။

Credit – Cele Zone
Photo – Yun Waddy Lwin Moe

သားလေးနဲ့ခွဲပြီးနိုင်ငံရပ်ခြားမှာ ပညာသွားသင်နေတဲ့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံဟာ ချစ်ရတဲ့သားလေးကို ဘိုးဘိုးဘွားဘွားတို့ လက်ထဲမှာပဲထားခဲ့ရပြီး ပညာရေးအတွက် ကြိုးစားရုန်းကန်နေခဲ့ရပါတယ်။ ကျောင်းပိတ်ရက်တွေရောက်မှ သားလေးနဲ့ပြန်တွေ့ဖို့ အတွက် မြန်မာပြည်ကိုပြန်လာခဲ့ပြီး မိသားစုတွေအတူတူ အပျော်ခရီးတွေထွက်ခဲ့ကြပါတယ်။

ဒီတစ်ခေါက်မှာတော့ ကျောင်းပြီးတော့မှာဖြစ်ပြီး လာမယ့် March လမှာ မြန်မာပြည်ကို ပြန်လာနိုင်တော့မှာပါ။ ပြန်လာတော့မယ့် ရက်တွေနီးလာပြီမို့ သားလေးနဲ့လည်း မကြာခင်ဆုံနိုင်တော့မှာကိုတွေးရင်း မေမေယွန်းကအရမ်းကို ပျော်နေခဲ့ပါတယ်။ အချိန်အကြာကြီး ခွဲနေရတဲ့သားလေးကို ရင်ထဲမှာအကြာကြီးထွေးပွေ့ချင်တာ အဝေးရောက်မိဘတိုင်းရဲ့ဆန္ဒပါပဲ။

သားလေးကိုသိပ်လွမ်းတဲ့အကြောင်းကို ” Liam လေးနဲ့တွေ့ရဖို့ရက်တွေနီးလာပြီ။ လွမ်းလိုက်တာ ” ဆိုပြီး Liam လေးရဲ့ ပုံနဲ့ လူမှုကွန်ရက်မှာ ရင်ဖွင့်လာခဲ့ပါတယ်။ မကြာတော့တဲ့နေရက်မှာ မိသားစုတွေပြန်ဆုံပြီး ပျော်စရာကောင်းတဲ့ အချိန်လေးတွေကို အတူတူဖြတ်သန်းရတော့မှာပါ။

Credit – Cele Zone
Photo – Yun Waddy Lwin Moe