ပရိတ်သတ်ကြီးရေ…နိုင်ငံကျော်အဆိုတော် ရေမွန်(ခ)တွတ်ပီ (Idiots Band ) ဇွန် ၂၃ ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ “လူအဂီတ” ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆို ခဲ့တဲ့ လူငယ်အဆိုတော်တစ် ဦးဖြစ်ပါတယ်။

ရေမွန် ကွယ်လွန်ခဲ့တဲ့အတွက် နိုင်ငံတဝန်း ရေမွန်ရဲ့ ပရိသတ်အမြောက်အများက လူမှုကွန်ရက်စာမျက်နှာမှာ ရေမွန်အတွက် ဝမ်းနည်းကြောင်းဆုတောင်း ပေးခဲ့ကြတာပါ။ရေမွန်ရဲ့မိခင်ဒေါ်ခင်မြတ်မွန်ဟာဆိုရင် သားဖြစ်သူဆုံးပါသွားတာကို ခုထက်တိတိုင်လက်မခံနိုင်ပါသေးဘူးနော်.။ဒီတစ်ခါမှာဆိုရင်လည်း သားဖြစ်သူရေမွန်ရဲ့အခန့်လေးကိုသန့်ရှင်းရေးလုပ်ပေးနေတဲ့အချိန် တွေ့ခဲ့ရတဲ့အရာလေးတွေကိုပြောပြရင်း သူမစိတ်ဆိုးလို့ရေးပြီးပေးထားတဲ့စာလေးကိုပါ အမှတ်တရသိမ်းထားတဲ့အကြောင်းကိုမိခင်ဖြစ်သူဒေါ်ခင်မြတ်မွန်က ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်။

အဲ့ဒါကတော့ “သူဆုံးတော့ မှ သူ့အခန်း ကိုရှင်းရင်းတွေ့တာတွေက သူက အမှတ်တရတွေ ကို သိမ်းထားတယ်ဆိုတာပဲ အန်တီ သူ့ ကို ဆူပြီးရေးထားတဲ့ စာက အစ သိမ်းထား တယ်. “ဆိုပြီးရေမွန်ရဲ့အကြောင်းလေးတွေကိုပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုအပြည့်အစုံကိုပရိတ်သတ်ကြီးအား အခုလိုပဲတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်.။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိ ပါတယ်။

Source and video Credit ; Hall of Fame by Eleven

Credit ; Celebrity Platforms




