



တစ်ချိန်က ကြော်ငြာတွေနဲ့ သီချင်းဗီစီဒီတွေမှာ နေရာယူထားနိုင်တဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ အခုဆိုရင် အိမ်ထောင်ရှ င်တစ်ယောက် ဖြစ်လို့နေပြီဖြစ်ပါတယ်။ စီးပွားရှာတော်ပြီး မိသားစုကိုချစ်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ မိသားစုရေးမှာလည်း ကံကောင်ခြင်းတွေကို ပိုင်ဆိုင်ထ ားသူပါ။ အပူအပင်ရယ်လို့ သိပ်မရှိတဲ့ စမိုင်းလ်ကတော့ သူမရဲ့ဘဝမှာ အလှူအတန်းနဲ့ ကုသိုလ်တွေကို အမြဲမပြတ်ပြုလုပ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း စမိုင်းလ်က ချစ်ရတဲ့ပရိ သတ်တွေအတွက် ပိုက်ဆံအစည်းလိုက်ကြီး အသုံးပြုပြီး ကံစမ်းမဲအစီအစဉ်ရှိတယ်လို့ သတင်းကောင်းလေးပါးလာပါတယ်။ စမိုင်းလ်က “ကဲဘယ်လိုတွေကံစမ်းမဲလုပ်ေ ပးမယ်ဆိုတာပြောမယ် tonight live 9pm stay tuned” ဆိုပြီး ဒီနေ့ည (၉) နာရီမှာ ကံစမ်းမဲအစီအစဉ်အကြောင်းကို Live လွှင့်ပြီး ပြောမယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အလှူအတန်းတွေများစွာကို လက်နဲ့မကွာ လှူဒါန်းသလို ဒီတစ်ခေါက်မှာလည်း သိန်း(၁၀၀) နီးပါးရှိတဲ့ ပိုက်ဆံတွေနဲ့ ဘယ်လိုအလှူအတန်းတွေပြုလုပ်ဦးမလဲ စိတ်ဝင်စားစရာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Credit – Cele Connections