


Credit – Cele Zone
Photo – Khin Bone Py

ပရိတ်သတ်ကြီးရေ သီချင်းကောင်းတွေအများကြီးသီဆိုခဲ့တဲ့ အဆိုတော်ခင်ဘုဏ်းဟာ သူမ သိပ်ချစ်ရတဲ့ချစ်သူနဲ့ လက်တွဲနိုင်ခဲ့ပြီး ဒီနေ့မှာတော့ သူမတို့ရဲ့မင်္ဂလာသက်တမ်း (၁၀) နှစ်ပြည့်အထိမ်းအမှတ်ပဲ ဖြစ်ပါတယ်။ စပြီးချစ်ခဲ့ကြတဲ့နေ့ရက်တွေကစလို့ရေတွက်မယ် ဆိုရင်တော့ ချစ်ခဲ့ကြတာ (၁၇) နှစ်တိုင်ခဲ့ပါပြီ။ သံယောဇဉ်တွေအများကြီးတွယ်ပြီးမှ လက်ထပ်ခဲ့ကြတာဖြစ်လို့ ခိုင်မာတဲ့ ချည်နှောင်မှုတွေနဲ့ နှစ်ယောက်သားရဲ့တွဲလက်တွေက မြဲနေခဲ့ပါပြီ။

ခင်ပွန်းနဲ့စုလျားရစ်ပတ်လက်ထပ်မင်္ဂလာပြုခဲ့တဲ့ပုံလေးတွေကို ” အမှတ်တရတွေထဲက အမှတ်တရ အဖြစ်ဆုံးနေ့ အပြုံးတွေဝေတဲ့ (၂၅.၁.၂၀၁၁) ဆယ်နှစ်ဆိုတာ မနေ့ကလိုပဲ ” ဆိုပြီး သူမရဲ့လူမှုကွန်ရက် မှာ ဝေမျှခဲ့ပါသေးတယ်။ ကိုယ်ကသိပ်ချစ်ရပြီး ကိုယ့်ကိုတန်ပြန်အချစ် တွေနဲ့ တန်ဖိုးထားတဲ့ လူကောင်းတစ်ယောက်နဲ့လက်တွဲနိုင်ခဲ့တာဟာ တကယ်ကိုကံကောင်းတာပါ။

ခင်ပွန်းအတွက် ရင်ထဲကစကားလေးတွေကိုလည်း ” Dear my Hubby Happy 10th Wedding Anniversary and Happy (17) years of our love journey. We have been through a lot together for (17) years already. And have many more years to be with you. You know! You have stolen my heart for (17) years and now it’s time for me to steal your last name. So excited to be as a new-me with you till the end of time. Love you loads ” ဆိုပြီး ရိုဆန်ဆန်ပြောခဲ့ပါသေးတယ်။

Credit – Cele Zone
Photo – Khin Bone Py