ကေလးေတာ္ေတာ္မ်ားမ်ားဟာ သူတို႔အနီးအနားမွာရွိတဲ့လူႀကီးေတြရဲ့အျပဳအမူကို အတုယူတတ္ၾကပါတယ္။ ျခဴေလးကလည္း အႏုပညာရွင္တစ္ေယာက္ျဖစ္တာမို႔ ရံဖန္ရံခါ Tik Tok ေလးေတြကစားၿပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖတတ္ပါတယ္။ သူမရဲ့ဟာသေတြ ကို သေဘာက်တဲ့သူေတြအမ်ားအျပားရွိၿပီး သူမရဲ့ Tik Tok Follower ေတြလည္း မနည္းပါဘူး။

ဒီေနာက္မွာေတာ့ အႏုပညာအလုပ္ေတြနဲ႔ရႈပ္ေနခဲ့တာေၾကာင့္ Tik Tok သိပ္မေဆာ့ျဖစ္ေပမယ့္ ျခဴးေလးရဲ့အႏုပညာအေမြကို အျပည့္အဝဆက္ခံမယ့္တူမေလးကေတာ့ Tik Tok မွာ နာမည္ႀကီးေနတဲ့သီခ်င္းသံစဥ္ေလးနဲ႔ ကကြက္အတိုင္း တေသြမတိမ္း က ေနပုံ ေလးက အရမ္းကိုခ်စ္ဖို႔ေကာင္းလြန္းပါတယ္။

အေဒၚျဖစ္သူျခဴးေလးကေတာ့ တူမေလးရဲ့ကကြက္ေတြကို မလြတ္တမ္းမွတ္တမ္းတင္ေပးေနတဲ့ တူဝရီးႏွစ္ေယာက္ရဲ့ ခ်စ္စရာအခိုက္အတန႔္ဗီဒီယိုေလးကို ” Tiktok မေဆာ့ေတာ့တာ သမီးေတာ္ေလာက္ မေတာ္လို႔ပါ ” ဆိုၿပီး ျခဴးေလးက လူမႈကြန္ရက္ မွာေဝမၽွခဲ့ပါတယ္။ အေဒၚနဲ႔ တူမေလးတို႔ရဲ့ ေပ်ာ္စရာအခိုက္အတန႔္ေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္တင္ဆက္ေပးလိုက္ ပါတယ္။

Credit– Cele Zone
Photo – Chue Lay

ကလေးတော်တော်များများဟာ သူတို့အနီးအနားမှာရှိတဲ့လူကြီးတွေရဲ့အပြုအမူကို အတုယူတတ်ကြပါတယ်။ ခြူလေးကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာမို့ ရံဖန်ရံခါ Tik Tok လေးတွေကစားပြီး ပရိသတ်တွေကို ဖျော်ဖြေတတ်ပါတယ်။ သူမရဲ့ဟာသတွေ ကို သဘောကျတဲ့သူတွေအများအပြားရှိပြီး သူမရဲ့ Tik Tok Follower တွေလည်း မနည်းပါဘူး။

ဒီနောက်မှာတော့ အနုပညာအလုပ်တွေနဲ့ရှုပ်နေခဲ့တာကြောင့် Tik Tok သိပ်မဆော့ဖြစ်ပေမယ့် ခြူးလေးရဲ့အနုပညာအမွေကို အပြည့်အဝဆက်ခံမယ့်တူမလေးကတော့ Tik Tok မှာ နာမည်ကြီးနေတဲ့သီချင်းသံစဉ်လေးနဲ့ ကကွက်အတိုင်း တသွေမတိမ်း က နေပုံ လေးက အရမ်းကိုချစ်ဖို့ကောင်းလွန်းပါတယ်။

အဒေါ်ဖြစ်သူခြူးလေးကတော့ တူမလေးရဲ့ကကွက်တွေကို မလွတ်တမ်းမှတ်တမ်းတင်ပေးနေတဲ့ တူဝရီးနှစ်ယောက်ရဲ့ ချစ်စရာအခိုက်အတန့်ဗီဒီယိုလေးကို ” Tiktok မဆော့တော့တာ သမီးတော်လောက် မတော်လို့ပါ ” ဆိုပြီး ခြူးလေးက လူမှုကွန်ရက် မှာဝေမျှခဲ့ပါတယ်။ အဒေါ်နဲ့ တူမလေးတို့ရဲ့ ပျော်စရာအခိုက်အတန့်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက် ပါတယ်။

Credit– Cele Zone
Photo – Chue Lay