နုိင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ G Fatt ကေတာ့ ငယ္စဥ္ကတည္းက ဂီတကို ဝါသနာပါခဲ့သူတစ္ေယာက္ျဖစ္ျပီး သူ့ရဲ့ လူငယ္ဘဝမွာလည္း အဆိုေတာ္တစ္ေယာက္ျဖစ္ေအာင္ ၾကိဳးစားခဲ့တာပဲ ျဖစ္ပါတယ္။ G Fatt ကေတာ့ လက္ရိွမွာ သူျဖစ္ခ်င္တဲ့ နိုင္ငံေက်ာ္အဆိုေတာ္ၾကီးျဖစ္လို့ေနျပီး တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ အားေပးသူပရိသတ္ေတြကို အခုိင္အမာရရိွထားျပီပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ G Fatt က သူ့ဘဝရဲ့အမွတ္တရေတြထဲက တစ္ခုအပါအဝင္ျဖစ္တဲ့ “ငွက္” သီခ်င္းေလးနဲ့ ပက္သတ္ျပီး အခုလိုပဲ ေျပာျပလာပါတယ္။
“လြန္ခဲ့တဲ့ ၄ႏွစ္ေက်ာ္ ၅ႏွစ္ေလာက္က ငွက္သီခ်င္းကိုေရးခဲ့တယ္ မွတ္မွတ္ရရ အျမန္လမ္းမေပၚ မွာခရီးသြားေနတဲ့အခ်ိန္ေပါ့ဗ်ာ ေတာင္တန္းေတြေပၚမွာ တိမ္ေတြရဲ႕အရိပ္က ထိုးက်ေနတာကို အေဝးကလွမ္းၾကည့္ရတာ အရမ္းလွတာပဲ ဒါေပမယ့္ေတာင္တန္းေတြအနီးနားကိုကားကတစ္ျဖည္းျဖည္းနီးလာေလေလ အဲ့ဒီ့တိမ္အရိပ္ေလးေတြက သိပ္မလွေတာ့သလိုခံစားရေလပဲ ကြၽန္ေတာ္စဥ္းစားမိတယ္ တစ္ခ်ိဳ႕အခ်စ္ေတြဟာ
အဲ့တိမ္အရိပ္နဲ႔တူတယ္ နီးေနတဲ့အခ်ိန္မွာ အခ်စ္ရဲ႕လွပမႈကိုမခံစားရဘူး တစ္ေယာက္နဲ႔တစ္ေယာက္ ပိုေဝးသြားေလ အခ်စ္ရဲ႕တန္ဖိုးကိုပိုျမင္လာေလေပါ့ အဲ့အေတြးေလးဝင္လာေတာ့ ကြၽန္ေတာ္ ကားေပၚမွာ ‘ေတာင္တန္းေတြေပၚမွာရွိတဲ့ တိမ္တိုက္ရဲ႕အရိပ္လိုမ်ိဳး ငါ့အခ်စ္က နင္အေဝးကၾကည့္မွေတြ႕ႏိုင္လို႔ ‘ ဆိုတဲ့ Melody နဲ႔ စာသား ေရးျဖစ္တယ္ ”
“အေရွ႕ကစကားကိုျပန္ဆက္ရရင္ တစ္ခ်ိဳ႕အခ်စ္ေတြက ေဝးေလ တန္ဖိုးပိုရွိေလေပါ့ဗ်ာ ခင္ဗ်ားတို႔ဘဝမွာလဲ ေဝးသြားမွ ပိုခ်စ္မိတဲ့သူေတြရွိဖူးၾကမယ္ထင္တာပါပဲ ကြၽန္ေတာ္ ဂ်င္အေခြထြက္ေတာ့ ငွက္သီခ်င္းဟာ ပရိတ္သတ္အႀကိဳက္ေတြ႕တဲ့သီခ်င္းထဲပါခဲ့တယ္ ေၾကာင္ခ်စ္တက္တဲ့ေကာင္မေလးေတြ / မိုးေရထဲလမ္းေလ်ာက္ရတာေပ်ာ္တဲ့စုံတြဲေတြ / ဟိုးငယ္ငယ္ေလးထဲကသံေယာဇာဥ္ျဖစ္ခဲ့ၾကတဲ့ခ်စ္သူေတြ / အေဝးႀကီးေဝးသြားမွ
ပိုခ်စ္မွန္းသိၾကရတဲ့အသည္းကြဲသမားေတြ အတြက္ /ဒီသီခ်င္းက ဒါဏ္ရာပိုေစခဲ့မယ္ထင္တာပါပဲ ၊ မတိုက္ဆိုင္လဲ ႀကိဳက္ႏွစ္သက္ၾကတဲ့ပရိတ္သတ္ေတြလဲရွိခဲ့မယ္ထင္ပါတယ္ ကြၽန္ေတာ္ ဒီသီခ်င္းေလးကိုအရမ္းတန္ဖိုးထားပါတယ္ ေတာင္တန္းေတြေပၚက တိမ္ရိပ္ေလးေတြလို အေဝးကၾကည့္မွျမင္ရမယ့္ ခ်စ္ျခင္းတရားေတြအတြက္ ဒီသီခ်င္းကိုဖန္တီးခဲ့ပါတယ္ အခု MV နဲ႔ခံစားရေတာ့မယ္ အတိတ္ကိုျပန္လြမ္းမိၾကပါေစ ဆုေတာင္းရင္း ဒီသီခ်င္းက စနားေထာင္မိတုန္းက အမွတ္တရ ခံစားခ်က္ေတြရွိရင္ ေရးသြားၾကပါလို႔” ဆိုျပီး ေျပာလာပါတယ္။
G Fatt ရဲ့ “ငွက္” သီခ်င္းကေတာ့ ထြက္ရိွထားတာၾကာခဲ့ျပီဆိုေပမယ့္ Music Video ကိုေတာ့ မနက္ျဖန္ ဒီဇင္ဘာလ (၃၁) ရက္ေန့ G Fatt ရဲ့ ေမြးေန့မွာ ထြက္ရိွမွာ ျဖစ္ပါတယ္။ “ငွက္” သီခ်င္းနဲ့ ပက္သတ္ျပီး ပရိသတ္ၾကီးေရာ ခံစားခ်က္တိုက္ဆိုင္မႈေတြရိွလား ေျပာျပခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: G Fatt ‘s fb
Credit – Cele winkabar
နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ G Fatt ကတော့ ငယ်စဉ်ကတည်းက ဂီတကို ဝါသနာပါခဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လူငယ်ဘဝမှာလည်း အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ G Fatt ကတော့ လက်ရှိမှာ သူဖြစ်ချင်တဲ့ နိုင်ငံကျော်အဆိုတော်ကြီးဖြစ်လို့နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူပရိသတ်တွေကို အခိုင်အမာရရှိထားပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ G Fatt က သူ့ဘဝရဲ့အမှတ်တရတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ “ငှက်” သီချင်းလေးနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။
“လွန်ခဲ့တဲ့ ၄နှစ်ကျော် ၅နှစ်လောက်က ငှက်သီချင်းကိုရေးခဲ့တယ် မှတ်မှတ်ရရ အမြန်လမ်းမပေါ် မှာခရီးသွားနေတဲ့အချိန်ပေါ့ဗျာ တောင်တန်းတွေပေါ်မှာ တိမ်တွေရဲ့အရိပ်က ထိုးကျနေတာကို အဝေးကလှမ်းကြည့်ရတာ အရမ်းလှတာပဲ ဒါပေမယ့်တောင်တန်းတွေအနီးနားကိုကားကတစ်ဖြည်းဖြည်းနီးလာလေလေ အဲ့ဒီ့တိမ်အရိပ်လေးတွေက သိပ်မလှတော့သလိုခံစားရလေပဲ ကျွန်တော်စဉ်းစားမိတယ် တစ်ချို့အချစ်တွေဟာ
အဲ့တိမ်အရိပ်နဲ့တူတယ် နီးနေတဲ့အချိန်မှာ အချစ်ရဲ့လှပမှုကိုမခံစားရဘူး တစ်ယောက်နဲ့တစ်ယောက် ပိုဝေးသွားလေ အချစ်ရဲ့တန်ဖိုးကိုပိုမြင်လာလေပေါ့ အဲ့အတွေးလေးဝင်လာတော့ ကျွန်တော် ကားပေါ်မှာ ‘တောင်တန်းတွေပေါ်မှာရှိတဲ့ တိမ်တိုက်ရဲ့အရိပ်လိုမျိုး ငါ့အချစ်က နင်အဝေးကကြည့်မှတွေ့နိုင်လို့ ‘ ဆိုတဲ့ Melody နဲ့ စာသား ရေးဖြစ်တယ် ”
“အရှေ့ကစကားကိုပြန်ဆက်ရရင် တစ်ချို့အချစ်တွေက ဝေးလေ တန်ဖိုးပိုရှိလေပေါ့ဗျာ ခင်ဗျားတို့ဘဝမှာလဲ ဝေးသွားမှ ပိုချစ်မိတဲ့သူတွေရှိဖူးကြမယ်ထင်တာပါပဲ ကျွန်တော် ဂျင်အခွေထွက်တော့ ငှက်သီချင်းဟာ ပရိတ်သတ်အကြိုက်တွေ့တဲ့သီချင်းထဲပါခဲ့တယ် ကြောင်ချစ်တက်တဲ့ကောင်မလေးတွေ / မိုးရေထဲလမ်းလျောက်ရတာပျော်တဲ့စုံတွဲတွေ / ဟိုးငယ်ငယ်လေးထဲကသံယောဇာဉ်ဖြစ်ခဲ့ကြတဲ့ချစ်သူတွေ / အဝေးကြီးဝေးသွားမှ
ပိုချစ်မှန်းသိကြရတဲ့အသည်းကွဲသမားတွေ အတွက် /ဒီသီချင်းက ဒါဏ်ရာပိုစေခဲ့မယ်ထင်တာပါပဲ ၊ မတိုက်ဆိုင်လဲ ကြိုက်နှစ်သက်ကြတဲ့ပရိတ်သတ်တွေလဲရှိခဲ့မယ်ထင်ပါတယ် ကျွန်တော် ဒီသီချင်းလေးကိုအရမ်းတန်ဖိုးထားပါတယ် တောင်တန်းတွေပေါ်က တိမ်ရိပ်လေးတွေလို အဝေးကကြည့်မှမြင်ရမယ့် ချစ်ခြင်းတရားတွေအတွက် ဒီသီချင်းကိုဖန်တီးခဲ့ပါတယ် အခု MV နဲ့ခံစားရတော့မယ် အတိတ်ကိုပြန်လွမ်းမိကြပါစေ ဆုတောင်းရင်း ဒီသီချင်းက စနားထောင်မိတုန်းက အမှတ်တရ ခံစားချက်တွေရှိရင် ရေးသွားကြပါလို့” ဆိုပြီး ပြောလာပါတယ်။
G Fatt ရဲ့ “ငှက်” သီချင်းကတော့ ထွက်ရှိထားတာကြာခဲ့ပြီဆိုပေမယ့် Music Video ကိုတော့ မနက်ဖြန် ဒီဇင်ဘာလ (၃၁) ရက်နေ့ G Fatt ရဲ့ မွေးနေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ “ငှက်” သီချင်းနဲ့ ပက်သတ်ပြီး ပရိသတ်ကြီးရော ခံစားချက်တိုက်ဆိုင်မှုတွေရှိလား ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: G Fatt ‘s fb
Credit – Cele winkabar