


Source: Si Thu Win’s fb

မင်းသားချော စည်သူဝင်းကတော့ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အမြို့မြို့ အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။ စည်သူဝင်းကတော့ ရုပ်ချော၊ သဘောကောင်းတဲ့အပြင် ကျရာကာရိုက်တာအပေါ်ကိုလည်း အကောင်းဆုံး ကြိုးစားပြနိုင်သူမို့ သူ့ရဲ့ အောင်မြင်မှုကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး များပြားလာတာ ပရိသတ်ကြီးလည်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း စည်သူဝင်းက Double Dating အစီအစဉ်လေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေပြီ ရိုစည်ဝင်းလို့တောင် နာမည်ပြောင်လေးရရှိနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၃၁) ရက်နေ့ကတော့ စည်သူဝင်းရဲ့ အသက် (၂၆) နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်။ စည်သူဝင်းက ရိုစည်ဝင်းဆိုတဲ့ နာမည်လေးနဲ့လိုက်အောင် Double Dating အစီအစဉ်မှာ သူကချည်း Ro နေရပေမယ့် မွေးနေ့မှာတော့ ချစ်ရတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေရဲ့ Surprise မွေးနေ့လက်ဆောင်တွေကြောင့် ပြန်ပြီး အ Ro ခံနေရပြီဆိုပြီး သဘောကျစွာနဲ့ ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

စည်သူဝင်းကတော့ မွေးနေ့မှာ ချစ်လှစွာသော ပရိသတ်တွေကြောင့် ကြည်နူးမဆုံးဖြစ်နေရတာပဲဖြစ်ပါတယ်။ စည်သူဝင်းတစ်ယောက် ဒီထက်မက အောင်မြင်ကျော်ကြားပြီး ပြည်သူချစ်သော အနုပညာရှင်တစ်ယောက်အဖြစ် နှစ်တွေအများကြီး ဆက်လက်ရပ်တည်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Si Thu Win’s fb
Credit– Cele Connections