သူချစ်တဲ့ မိသားစုနဲ့ ပရိတ်သတ်တွေကို အပြီးတိုင်နှုတ်ဆက်သွားပြီဖြစ်တဲ့ ရေမွန်ရဲ့ ဈာပနမြင်ကွင်းများ..ဗီဒီယို

ပရိသတ်တွေ ချစ်ကြတဲ့ Idiots အဖွဲ့မှ အဆိုတော် ရေမွန်ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်နော်။ စစ်ကောင်စီဘက်မှဝရမ်းပြေးအဖြစ် စာထုတ်ထားတာကြောင့် လွတ်မြောက်နယ်မြေတွင် ရှောင်ပြေးနေရတာပါနော်။ ရေမွန်ဟာ အသက်တစ်နှစ်သားကတည်းက အဖေ့ရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရ သူပါနော်။

သူ့အမေနဲ့ သူ့ညီမလေးကို ရှာဖွေလုပ်ကျွေးခဲ့ပြီး တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ဖန်တီးခဲ့သူပါနော်။ သူဟာ အစာအိမ်သွေးကြောပေါက်သွားတာကြောင့် ကွယ်လွန်သွား တာဖြစ်တယ်လို့ သူငယ်ချင်း ဖြစ်သူ နိုဗန်ထူးကတင်ထားပါ တယ်နော်။

ဒီသတင်းဟာ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အရမ်းကို ဝမ်းနည်းပူဆွေးစရာပါပဲနော်။ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်ပြီး သူချစ်တဲ့ ပရိသတ်တွေ အပေါ်လည်း တာဝန်ကျေ ပွန်လွန်းတဲ့ ရေမွန်ကို ဆုံးရှုံးလိုက်ရတာ အရမ်းကို နာကျင်စရာကောင်းလွန်းပါတယ်နော်။

သူ့ရဲ့ ရုပ်ကလပ်ကိုတော့ ဒီနေ့ မီးသဂြိုလ်မှာ ဖြစ်ပါတယ်နော်။ ပရိသတ်တွေပေးပို့ထားတဲ့ စာတွေကိုလည်း သူ့ရဲ့အခေါင်းမှာ ချိတ်ဆွဲထားတာကို ဝမ်းနည်းစွာ မြင်တွေ့ရပါ တယ်နော်။ တန်ဖိုးရှိတဲ့ အဆိုတော် ရဲ့ နောက်ဆုံးခရီးကိုတော့ နယ်မြို့လေးတစ်မြို့မှာဘဲ ပြုလုပ်ခဲ့ရပါတယ်။

crd