ပရိသတ္ႀကီးေရ ဇာတ္အိမ္ ခိုင္ခိုင္ မာမာနဲ႕ ပရိသတ္ေတြကို ဆြဲေဆာင္ႏိ္ုင္ခဲ့တဲ့ ” ႏွင္းဆီ” ႐ုပ္သံဇာတ္လမ္းတြဲကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ သိၿပီးျဖစ္မယ္ ထင္ပါတယ္။ ” ႏွင္းဆီ ” ဇာတ္လမ္းထဲက သ႐ုပ္ေဆာင္တစ္ေယာက္ခ်င္းစီက မတူတဲ့ သမ႓ာဝါေတြႏဲ႕ က်ရာဇာတ္႐ုပ္တိုင္းကို အပိုအလိုမရွိဘဲ သ႐ုပ္ေဆာင္ႏိုင္ခဲ့ၿပီး ထုတ္လႊင့္ခဲ့ခ်ိန္မွာ ပရိသတ္ေတြရဲ႕ တစ္ခဲနက္ အားေပးမႈေတြကို ရရွိခဲ့တဲ့ ဇာတ္လမ္းတြဲပဲျဖစ္ပါတယ္ေနာ္.။

ဇာတ္လမ္းထဲက ႏွင္းဆီမေလးျဖစ္သူ ေခးဆက္သြင္နဲ႕ အၿပိဳင္ ေဇာ္နဲ႕ ေမာ္ဆိုတဲ့ အမႊာ ေမာင္ႏွမျဖစ္ၾကသူ ရွင္ေမြလနဲ႕ ေဝလာရီတို႕က ပရိသတ္ေတြရဲ႕ အျမင္ကို အမ်ားဆံု းဆြဲ ေဆာင္ႏိုင္ခဲ့တဲ့ ဇာတ္ေကာင္ေတြလို႕ဆိုရင္ မွားမယ္ မထင္ပါဘူးေနာ္.။ ရွင္ေမြလနဲ႕ ေဝလာရီတို႕ကေတာ့ ဇာတ္လမ္းၿပီးတဲအထိကို ေဇာ္နဲ႕ ေမာ္ဆိုတဲ့ ေမာင္ႏွမအျဖစ္နဲ႕ အႏုပညာအလုပ္ေတြကို ဆက္တိုက္ လုပ္ေဆာင္ေနခဲ့ရတာပါ.။

ဒီေန႕မွာလည္း ရွင္ေမြလက သူနဲ႕အတူ ေဝလာရီတို႕ ဆံုတုန္းေလမွာ ကကြက္ေပါင္းစံုနဲ႕ ကေနၾကတဲ့ ဗီဒီယိုဖိုင္ေလးကို ေဇာ္နဲ႕ ေမာ္ အေမာေျပအျဖစ္နဲ႕ “က ကြက္ေပါင္း တစ္သိန္းနဲ႔ ေဇာ္နဲ႔ေမာ္ 😁😁😁 ကြၽတ္ဆင္ႀကီး😂😂😂” ဆိုၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာ ခဲ့ပါတယ္။

ပရိသတ္ေတြအတြက္လည္း ရွင္ေမြလနဲ႕ေဝလာရီတို႕ရဲ႕ ကကြက္ေပါင္းစံု ကျပထားတဲ့ ဗီဒီယိုဖိုင္ေလးကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္ေနာ္.။ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ ပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္သာယာတဲ့ ေန႕ေလးတစ္ေန႕ကိုပိုင္ဆိုင္ႏိ္ုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္။.

Source: Shin Mwe La’s Facebook
Credit ;(Cele Active World)

ပရိသတ်ကြီးရေ ဇာတ်အိမ် ခိုင်ခိုင် မာမာနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိ်ုင်ခဲ့တဲ့ ” နှင်းဆီ” ရုပ်သံဇာတ်လမ်းတွဲကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် သိပြီးဖြစ်မယ် ထင်ပါတယ်။ ” နှင်းဆီ ” ဇာတ်လမ်းထဲက သရုပ်ဆောင်တစ်ယောက်ချင်းစီက မတူတဲ့ သမ႓ာဝါတွေနဲ့ ကျရာဇာတ်ရုပ်တိုင်းကို အပိုအလိုမရှိဘဲ သရုပ်ဆောင်နိုင်ခဲ့ပြီး ထုတ်လွှင့်ခဲ့ချိန်မှာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်နော်.။

ဇာတ်လမ်းထဲက နှင်းဆီမလေးဖြစ်သူ ခေးဆက်သွင်နဲ့ အပြိုင် ဇော်နဲ့ မော်ဆိုတဲ့ အမွှာ မောင်နှမဖြစ်ကြသူ ရှင်မွေလနဲ့ ဝေလာရီတို့က ပရိသတ်တွေရဲ့ အမြင်ကို အများဆုံ းဆွဲ ဆောင်နိုင်ခဲ့တဲ့ ဇာတ်ကောင်တွေလို့ဆိုရင် မှားမယ် မထင်ပါဘူးနော်.။ ရှင်မွေလနဲ့ ဝေလာရီတို့ကတော့ ဇာတ်လမ်းပြီးတဲအထိကို ဇော်နဲ့ မော်ဆိုတဲ့ မောင်နှမအဖြစ်နဲ့ အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့ရတာပါ.။

ဒီနေ့မှာလည်း ရှင်မွေလက သူနဲ့အတူ ဝေလာရီတို့ ဆုံတုန်းလေမှာ ကကွက်ပေါင်းစုံနဲ့ ကနေကြတဲ့ ဗီဒီယိုဖိုင်လေးကို ဇော်နဲ့ မော် အမောပြေအဖြစ်နဲ့ “က ကွက်ပေါင်း တစ်သိန်းနဲ့ ဇော်နဲ့မော် 😁😁😁 ကျွတ်ဆင်ကြီး😂😂😂” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာ ခဲ့ပါတယ်။

ပရိသတ်တွေအတွက်လည်း ရှင်မွေလနဲ့ဝေလာရီတို့ရဲ့ ကကွက်ပေါင်းစုံ ကပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိ်ုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။.

Source: Shin Mwe La’s Facebook
Credit ;(Cele Active World)