Credit ; (CeleChitThu)
နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် မော်ဒယ် သရုပ်ဆောင်လင်းအောင်ခေတ်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ လင်းအောင်ခေတ်ကတော့ ဇာတ်လမ်းတွဲတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်နေရာစာအဖြစ်ရရှိလာတဲ့သူတစ်ဦးပါပဲ။ သူဟာဆိုရင ်ကြော်ငြာလေးတွေကိုလည်း ရိုက်ကူးရင်း ပရိသတ်တွေရဲ့အချစ်ကို အခိုင်အမာရရှိထားတဲ့သူတစ်ဦးပဲဖြစ် ပါတယ်။
လင်းအောင်ခေတ်ကတော့ ရိုက်ကူးရေးတွေ ရပ်နားထားချိန်မှာ ခေတ်စားနေတဲ့ Tik tokလေးတွေကို ဆော့လေ့ရှိပါတယ်။ သူရဲ့ ဆော့ထားတဲ့ Tik Tokဗီဒီယိုဖိုင်လေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူတစ်ဦးပါပဲနော်။လင်းအောင်ခေတ်က” Tik Tokမှာ နာမည်ကြီးနေတာလေးကို သူငယ်ချင်းဖြစ်သူ ကောင်းပြည့်နဲ့အခွီလေးဆော့ထားတဲ့ ဗီဒီယိုဖိုင်လေးကို Tik Tokအကောင့်မှာ တင်ပေးလာခဲ့တာ ပဲဖြစ်ပါတယ်။
လင်းအောင်ခေတ်နဲ့ ကောင်းပြည့်တို့နှစ်ယောက်ရဲ့အခွီဗီဒီယိုဖိုင်လေးကို ကြည့့်ပြီး ပရိသတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက် ပါတယ်နော်။
Source….Lin Aung Khit’s Tik Tok Acc
Credit ; (CeleChitThu)