ယေန႔ ဇြန္လ (၂၃) ရက္ေန႔မွာေတာ့ Idiots အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ အဆိုေတာ္ ေရမြန္ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း “Idiots” အဖြဲ႕ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာကေန ပရိသတ္ေတြကို အသိေပးေျပာၾကား လိုက္တာ ျဖစ္ပါတယ္ ။

အဆိုေတာ္ေရမြန္ကေတာ့ ငွက္ဖ်ားေရာဂါနဲ႔ ႐ုတ္တရက္ ကြယ္လြန္သြားတာျဖစ္ေၾကာင္း သိရတာလည္း ျဖစ္ပါတယ္ ။ ေရမြန္႔လို အရည္အခ်င္းရွိတဲ့ အဆိုေတာ္ေကာင္ းတစ္ေယာက္ ဆုံးရႈံးလိုက္ရတဲ့အေပၚ အႏုပညာရွင္ အသိုင္းအဝိုင္းတစ္ခုလုံး စိတ္မေကာင္းျဖစ္ေနၾကတာ ျဖစ္ပါတယ္။

အဆိုေတာ္ေရမြန္ရဲ႕သတင္းကိုၾကားၿပီး အႏုပညာရွင္ေတြ ဝမ္းနည္းေၾကာင္းစကားေတြကို သူတို႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေတြကတစ္ဆင့္ ေဖာ္ျပေနၾကတာ ျဖစ္ပါ တယ္ ။

အဆိုေတာ္ေမကလည္း သူမသိပ္ခ်စ္ရတဲ့ သူငယ္ခ်င္းေရမြန္ ကြယ္လြန္သြားတာနဲ႔ပတ္သက္ၿပီး အရမ္းကိုဝမ္းနည္းေနတာ ျဖစ္ပါတယ္ ။ ေမကေတာ့ သူမရဲ႕သူငယ္ခ်င္းကို အခုလိုခြဲခြာရမယ္လို႔ အိပ္မက္ေတာင္ မမက္ဖူးတဲ့အေၾကာင္း ေျပာထား တာလည္း ျဖစ္ပါတယ္ ။

ဒါ့အျပင္ ေမက သူငယ္ခ်င္းေရမြန္နဲ႔ေနာက္ဆုံးေျပာျဖစ္ခဲ့တဲ့ Conversation ကိုလည္း Screenshots ႐ိုက္ၿပီး တင္ထားတာ ျဖစ္ပါတယ္ ။ အဲ့ဒီေန႔က ေမက ေနမေကာင္းျဖစ္ေန တာေၾကာင့္ ေရမြန္႔ကို စကားေတာင္ေသခ်ာျပန္မေျပာလိုက္ႏိုင္ဘူးဆိုၿပီး ပိုစိတ္မေကာင္းျဖစ္ေနရတာလည္း ျဖစ္ပါတယ္ ။ အခ်စ္ဆုံးသူငယ္ခ်င္းေရမြန္ ကြယ္လြန္သြားတာနဲ႔ပတ္သက္ၿပီး ဝမ္းနည္းစကားဆိုထားတဲ့ အဆိုေတာ္ေမရဲ႕စာေလးေတြကိုလည္း ျပန္လည္ေဖာ္ျပေပးလိုက္ပါ တယ္။

crd

ယနေ့ ဇွန်လ (၂၃) ရက်နေ့မှာတော့ Idiots အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရေမွန်ကွယ်လွန်သွားပြီဖြစ်ကြောင်း “Idiots” အဖွဲ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောကြား လိုက်တာ ဖြစ်ပါတယ် ။

အဆိုတော်ရေမွန်ကတော့ ငှက်ဖျားရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတာဖြစ်ကြောင်း သိရတာလည်း ဖြစ်ပါတယ် ။ ရေမွန့်လို အရည်အချင်းရှိတဲ့ အဆိုတော်ကောင် းတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ် အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

အဆိုတော်ရေမွန်ရဲ့သတင်းကိုကြားပြီး အနုပညာရှင်တွေ ဝမ်းနည်းကြောင်းစကားတွေကို သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ဖော်ပြနေကြတာ ဖြစ်ပါ တယ် ။

အဆိုတော်မေကလည်း သူမသိပ်ချစ်ရတဲ့ သူငယ်ချင်းရေမွန် ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး အရမ်းကိုဝမ်းနည်းနေတာ ဖြစ်ပါတယ် ။ မေကတော့ သူမရဲ့သူငယ်ချင်းကို အခုလိုခွဲခွာရမယ်လို့ အိပ်မက်တောင် မမက်ဖူးတဲ့အကြောင်း ပြောထား တာလည်း ဖြစ်ပါတယ် ။

ဒါ့အပြင် မေက သူငယ်ချင်းရေမွန်နဲ့နောက်ဆုံးပြောဖြစ်ခဲ့တဲ့ Conversation ကိုလည်း Screenshots ရိုက်ပြီး တင်ထားတာ ဖြစ်ပါတယ် ။ အဲ့ဒီနေ့က မေက နေမကောင်းဖြစ်နေ တာကြောင့် ရေမွန့်ကို စကားတောင်သေချာပြန်မပြောလိုက်နိုင်ဘူးဆိုပြီး ပိုစိတ်မကောင်းဖြစ်နေရတာလည်း ဖြစ်ပါတယ် ။ အချစ်ဆုံးသူငယ်ချင်းရေမွန် ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ဝမ်းနည်းစကားဆိုထားတဲ့ အဆိုတော်မေရဲ့စာလေးတွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်။

crd