အဆိုေတာ္ ေရမြန္တစ္ေယာက္ ကြယ္လြန္သြားတဲ့ သတင္းက အခုထိ ဘယ္သူမွ မယုံနိုင္ေလာက္ေအာင္ပါပဲေနာ္။ လူမႈကြန္ရက္ စာမ်က္ႏွာေတြ ထက္မွာလည္း သူ႔ကို ခ်စ္တဲ့ အေယာက္စီတိုင္း ဝမ္းနည္းေၾကာင္းေတြ အမွတ္တရ ျဖစ္ရပ္ေလးေတြ ေရးသားေဖာ္ျပေနၾကတာ အခုထိပါပဲ ။ အရည္ခ်င္းရွိသူေတြ ေႂကြလြင့္ၾကတဲ့ အခါ ႏွေျမာတသ ျဖစ္စရာ အလြန္ေကာင္းပါတယ္ ။

အႏုပညာရွင္ေတြအားလုံးကလည္း ေရမြန္နဲ႔ပတ္သက္တဲ့အေၾကာင္းေတြကို ျပန္လည္မၽွေဝရင္း စိတ္မေကာင္းေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္ ။ အခုလည္း သင္ဇာဝင့္ေက်ာ္က သူရဲ့ စာမ်က္ႏွာေလးထက္ကေန သူငယ္ခ်င္း ေရမြန္ရွိစဥ္က ေပ်ာ္ရႊင္စြာ ျဖတ္သန္းခဲ့တဲ့ အမွတ္တရ ျဖစ္စဥ္ေလးေတြနဲ႔ ပုံရိပ္ေလးေတြကို ေရးသားေဖာ္ျပလာပါတယ္ ။ သူသီဆိုဖို႔ ေရမြန္ဆီက ဝယ္ထားတဲ့ သီခ်င္းေလးေတာင္ မဆိုရေသးေၾကာင္းကို လည္းေၾကကြဲစြာရင္ဖြင့္လာ ပါတယ္ ။

” ခုခ်ိန္ထိမယုံနိုင္ေသးဘူး သူငယ္ခ်င္းရယ္ … နင့္ဆီကဝယ္ထားတဲ့သီခ်င္း ႏွစ္ပုဒ္ကိုေတာင္ငါမဆိုရေသးဘူးေလ… photo ေလးေတြျပန္ရွာရင္းငါတို႔ေသာင္းက်န္းခဲ့ၾကတဲ့ အခ်ိန္ေလးေတြကိုေတာင္ျပန္သြားခ်င္မိပါတယ္ … နင္နဲ႔ပတ္သက္ခဲ့တဲ့အမွတ္တရေလးေတြကို ဒီ မွာလာသိမ္းရင္း ငါ့ရဲ့စိတ္ထားအရမ္းေကာင္းၿပီးအရည္အခ်င္းရွိတဲ့သူငယ္ခ်င္းေလး ေရာက္ေလရာဘဝတိုင္းမွာ ၿပီးျပည့္စုံတဲ့ မိသားစုဘဝေလးကိုပိုင္ဆိုင္ၿပီး နင့္ရဲ့ အႏုပညာအရည္အေသြးေတြကို အျပည့္အဝ ခ်ျပနိုင္တဲ့ သူျဖစ္ပါေစလို႔ ငါဆုေတာင္းေပးပါတယ္ … ေနာက္ဘဝဆိုတာရွိခဲ့ရင္လဲ ခုလိုနင့္ရဲ့သူငယ္ခ်င္းျဖစ္ခ်င္ပါတယ္ … နင္မရွိေတာ့ေပမဲ့လဲ နင့္နာမည္နဲ႔နင့္သီခ်င္းေတြကို ငါအျမဲတမ္းအမွတ္ရေနမွာပါ … ငါ့သူငယ္ခ်င္းေလးကစိတ္ထားေကာင္းလို႔ ေကာင္းရာမြန္ရာေရာက္မယ္ဆိုတာ ငါယုံတယ္ …ေကာင္းေကာင္းအနားယူပါေတာ့ …. ” ဆိုတဲ့ အေၾကာင္းအရာေလးေတြပဲျဖစ္ရာ ပရိသတ္ႀကီးလည္း ၾကည့္ရႈနိုင္ေစရန္ ျပန္လည္ ေဝမၽွေပးလိုက္ပါ တယ္ ။

Yuan – Cele Zone

Photo – Thinzar Wint Kyaw

အဆိုတော် ရေမွန်တစ်ယောက် ကွယ်လွန်သွားတဲ့ သတင်းက အခုထိ ဘယ်သူမှ မယုံနိုင်လောက်အောင်ပါပဲနော်။ လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာလည်း သူ့ကို ချစ်တဲ့ အယောက်စီတိုင်း ဝမ်းနည်းကြောင်းတွေ အမှတ်တရ ဖြစ်ရပ်လေးတွေ ရေးသားဖော်ပြနေကြတာ အခုထိပါပဲ ။ အရည်ချင်းရှိသူတွေ ကြွေလွင့်ကြတဲ့ အခါ နှမြောတသ ဖြစ်စရာ အလွန်ကောင်းပါတယ် ။

အနုပညာရှင်တွေအားလုံးကလည်း ရေမွန်နဲ့ပတ်သက်တဲ့အကြောင်းတွေကို ပြန်လည်မျှဝေရင်း စိတ်မကောင်းကြောင်း ဖော်ပြခဲ့ကြပါတယ် ။ အခုလည်း သင်ဇာဝင့်ကျော်က သူရဲ့ စာမျက်နှာလေးထက်ကနေ သူငယ်ချင်း ရေမွန်ရှိစဉ်က ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ အမှတ်တရ ဖြစ်စဉ်လေးတွေနဲ့ ပုံရိပ်လေးတွေကို ရေးသားဖော်ပြလာပါတယ် ။ သူသီဆိုဖို့ ရေမွန်ဆီက ဝယ်ထားတဲ့ သီချင်းလေးတောင် မဆိုရသေးကြောင်းကို လည်းကြေကွဲစွာရင်ဖွင့်လာ ပါတယ် ။

” ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ် … နင့်ဆီကဝယ်ထားတဲ့သီချင်း နှစ်ပုဒ်ကိုတောင်ငါမဆိုရသေးဘူးလေ… photo လေးတွေပြန်ရှာရင်းငါတို့သောင်းကျန်းခဲ့ကြတဲ့ အချိန်လေးတွေကိုတောင်ပြန်သွားချင်မိပါတယ် … နင်နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရလေးတွေကို ဒီ မှာလာသိမ်းရင်း ငါ့ရဲ့စိတ်ထားအရမ်းကောင်းပြီးအရည်အချင်းရှိတဲ့သူငယ်ချင်းလေး ရောက်လေရာဘဝတိုင်းမှာ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ပြီး နင့်ရဲ့ အနုပညာအရည်အသွေးတွေကို အပြည့်အဝ ချပြနိုင်တဲ့ သူဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ် … နောက်ဘဝဆိုတာရှိခဲ့ရင်လဲ ခုလိုနင့်ရဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် … နင်မရှိတော့ပေမဲ့လဲ နင့်နာမည်နဲ့နင့်သီချင်းတွေကို ငါအမြဲတမ်းအမှတ်ရနေမှာပါ … ငါ့သူငယ်ချင်းလေးကစိတ်ထားကောင်းလို့ ကောင်းရာမွန်ရာရောက်မယ်ဆိုတာ ငါယုံတယ် …ကောင်းကောင်းအနားယူပါတော့ …. ” ဆိုတဲ့ အကြောင်းအရာလေးတွေပဲဖြစ်ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါ တယ် ။

Yuan – Cele Zone

Photo – Thinzar Wint Kyaw