




လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အမြင့်ဆုံးရရှိနေတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆုထက်လှိုင်၊ နန်းစန္ဒာလှထွန်းနဲ့ ကျော်ထက်ဇော်တို့ဟာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားနေလျက်ရှိပါတယ်။ဆုထက်လှိုင်၊ နန်းစန္ဒာလှထွန်းနဲ့ ကျော်ထက်ဇော်တို့ကလည်း ဇာတ်လမ်းထဲက ပုံရိပ်လေးတွေကို အမြဲတမ်းချပြပေးနေ တာပဲဖြစ်ပါ တယ်။

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ကိုယ်တိုင်ကြိုးစားအားထုတ်မှုကြောင့်လို့လည်းဆိုနိုင်သလို ဆရာကောင်းသမားကောင်းတွေကြောင့်လို့လည်း နားလည်တဲ့ ဆုထက်လှိုင်ဟာ ဒီကနေ့မှာလည်း သူမရဲ့ ဆရာကို သွားရောက်ဂါရဝပြုခဲ့ပါတယ်။ ဆုထက်လှိုင်က “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ကို ကန်တော့ခဲ့တယ်လို့ ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပ ါတယ်။

ဆုထက်လှိုင်ကတော့ သူမကို ပရိသတ်တွေရင်ထဲရောက်အောင် အနီးကပ်သင်ကြားပေးခဲ့တဲ့ ဆရာသမားကို သွားရောက်ဂါရဝပြုခဲ့ပါတယ်။ ဆရာသမားရဲ့ ဂုဏ်ကျေးဇူးကိုသိတတ်တဲ့ ဆုထက် လှိုင်တစ်ယောက် ဒီထက်မကအောင်မြင်ပြီး ပရိသတ်တွေရဲ့အချစ်ကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်။

Source: ဇမ္ဗူထွန်းသက်လွင်’s fb

Credit ; Cele Active World