ယူနီကုတ်ဖြင့်ဖတ်ရန်……
Rock သီချင်း အကြမ်း စားတွေကို သီဆိုတဲ့ အဆိုတော် လိမ္မော်သီးကတော့ သီချင်းဆိုကောင်းသလို ဆွဲဆောင်မှုအပြည့်ရှိတဲ့ အမိုက်စားရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လိမ္မော်သီးကတော့ အနေအထိုင်အေးဆေးသူတစ်ယောက်ဖြစ်ပြီး စိတ်ခံစားချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ် သူတစ်ယောက်ပီပီ ဝေဖန်မှုတွေကို လက်ခံသလို မိုက်မိုက်ရိုင်းရိုင်း စော်ကားသူတွေကိုလည်း တုံ့ပြန်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း လိမ္မော်သီးက သူမရဲ့ ဓာတ်ပုံအောက်မှာ မိုက်မိုက်ရိုင်းရိုင် းပြောဆိုသူကို အားလုံး သိအောင် အခုလိုပဲ ချပြလာခဲ့ပါတယ်။
ထိုသူက လိမ္မော်သီးရဲ့ ဓာတ်ပုံအောက်မှာ “ဒူးခေါင်းကြီးက အရေထူနေပြီ” ဆိုပြီး မရိုးသားတဲ့ စိတ်ကူးနဲ့ ကောမန့်ပေး ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုသူရဲ့ ရိုင်းစိုင်းနဲ့အပြောကို လိမ္မော်သီးက အားလုံးသိအောင် ချပြခဲ့ပြီး “Page မှာလာပြီး မိုက်ရိုင်းစော်ကားတာမျိုးတွေကို လက်မခံပါဘူး။ တခါတလေလည်း ကျော်သွားပေးပေမယ့် တခါလေ လည်းပျင်းနေရင် ပြန်ပြောပါတယ်။ အားလုံးမှာ အမေဆိုတာတော့ရှိကြမှာပါ။ လူတိုင်းကိုယ့်ဘဝနဲ့ကိုယ်ပါ။ အေးဆေးနေကြပါ။ ဒါနဲ့.. ကိုယ့်လိုပဲအားနေရင် အဲ့မန့်အောက်လေးဝင်ပြောပေးသွားပါဦး… အပျင်းပြေတာပေါ့ 😂” ဆိုပြီး ပြောလာ တာပဲ ဖြစ်ပါတယ်။
လိမ္မော်သီးကတော့ သူမလိုပဲ မိန်းကလေးတွေကို မကောင်းတဲ့ အကြံအစည်နဲ့ မိုက်မိုက်ရိုင်းရိုင်းပြောဆိုသူတွေရှိကြောင်း ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ မိန်းကလေး တစ်ယောက်ကို အမြင်နဲ့ ထိကပါးရိကပါးပြောဆိုတာ တကယ့်ကို ရှက်ဖို့ကောင်းတဲ့ အမူအရာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။