ပရိတ်သတ်ကြီးရေ…ဇာတ်ပို့သရုပ်တောင်နှိုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် အနုပညာလောကမှာပရိတ်သတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်နော်။သူမဟာဆိုရင် ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်မှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ အတွက် ပရိတ်သတ်အချုင်အမာရရှိထားတာပဲဖြစ်ပါတယ်။နှိုင်းယှဉ်က လူချစ်လူခင်ပေါရုံတင်မကပဲ အလှူအတန်းမှာဆိုရင်လည်း လက်မနှေးပဲလှူဒါန်းတတ်တဲ့သူမရဲ့စိတ်ဓာတ်လေးကို အားလုံးက ချစ်ခင်လေးစားနေကြ တာပဲဖြစ်ပါတယ်နော်..။
စကားပြောပွင့်လင်းလှတဲ့နှိုင်းယှဉ်က သူမလုပ်ကိုင်နေတဲ့ Online ကနေ Live လွှင့်ပြီး စျေးရောင်းပေးတဲ့နေရာမှလည်းအင်မတန်မှတော်လွန်းတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။နှိုင်းယှဉ်က သူမလုပ်ကိုင်တဲ့အလုပ်အပေါ်မှာလည်း စေတနာအပြည့်ထားပြီးလုပ်ကိုင်ပေးတဲ့အတွက် လုပ်ငန်းရှင်တော်တော်များများရဲ့ယုံကြည်အားကိုးမှုကိုအပြည့်အဝရထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။နှိုင်းယှဉ်က လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူလူထုနဲ့အတူလူထုလှုပ်ရှားမှုမှာပါဝင်လှုပ်ရှားခဲ့ရုံတင်မကပဲ သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေလည်း Speak Out လုပ်ပေးနေတာပဲဖြစ်ပါတယ်နော်။နှိုင်းယှဉ်က သူမရဲ့ခံစားချက်တွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပွင့်ပွင့်လင်းလင်းအမြဲမျှဝေပေးနေတာ လည်းဖြစ်ပါတယ်။
ဒီကနေ့မှာဆိုရင်လည်း သူမကိုကိုယ်ဝန်ကြီးနဲ့ဘယ်အချိန်ထိLiveလွှင့်ပြီးစျေးရောင်းနေမှာလည်းလို့မေးလာတဲ့သူကို ပွင့်ပွင့်လင်းလင်းအခုလိုပြောလိုက်တာပဲဖြစ်ပါတယ်နော်..။အဲံဒါကတေ့ “မေးးး အမ ကိုယ်ဝန်နဲ့ဆို ဘယ်အချိန်ထိ Live လွှင့်ဈေးရောင်းမှာလည် း ဖြေးးးး ဟုတ်ကဲ့ ခွဲခန်းထဲမဝင်ခင်ထိပါဆေးရုံတောင် အခန်းကို ရှယ်ပလန်နဲ့အကျယ်ကြီးယူထားတာ…Liveလွှင့်ပြီး ဈေးရောင်း‌ပေးဖို့ 😂”ဆိုပြီးပြန်ပြောလိုက်ပုံလေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။နှိုင်းယှဉ်ကိုချစ်တဲ့ပရိတ်သတ်တွေကလည်း သူမရဲ့အလုပ်အပေါ်ထားတဲ့စိတ်ရင်းအမှန်နဲ့ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ပုံလေးကိုချစ်မဝဖြစ်နေကြတာပဲဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူး ပဲကျေးဇူးတင်ရှိပါတယ်..။
Source ; Nhying Shin Facebook Acc
Credit ; Celebrity Platforms