သရုပ်ဆောင် ဘေဘီမောင် ကတော့ စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှု မရှိတာကြောင့် ပြီးခဲ့တဲ့လပိုင်းကပဲ သူမရဲ့အချစ်ဆုံး သူငယ်ချင်း မေပန်းချီနဲ့ ပြဿနာတက်ခဲ့ရသေးတာပဲဖြစ်ပါတယ်။ ဘေဘီမောင်က အခုဆိုရင် အဆိုတော်သားဂန်းနဲ့ အိမ်ထောင်ကျပြီး အိမ်ထောင်ရှင်မ တစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိပြီပဲဖြစ်ပါ တယ်။ ဒီကနေ့မှာတော့ ဘေဘီမောင်က သူမကိုမကောင်းပြော၊ တိုက်ခိုက်ကြတဲ့လူတွေကို ကျေးဇူးတင်ကြောင်းပြောလာတာကို အခုလိုပဲတွေ့ရပ ါတယ်။

“ကျမကိုမကောင်းပြောတာတွေ ဘေးပြောတာတွေ တိုက်ခိုက်တာတွေ ရိုင်းရိုင်းစိုင်းစိုင်းတွေပြောတာတွေ အဲဒီလူတွေကိုကျေးဇူးတင်ပါတယ်😁🙏🏻ဘာလို့လဲဆိုတော့ သည်းခံတတ်တဲ့ ပါဝါတွေတိုးတက်လာပြီး သမာဒိအားကောင်းလာလို့ပါရှင့်😍ကျေးဇူးပါ🙏🏻 ကောင်းကောင် းမွန်မွန်မန့် တဲ့ချစ်တဲ့သူတွေကိုတော့တအားချစ်ပါတယ်လို့😘😘😘😘😘” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ဘေဘီမောင်ကတော့ သူမကိုယ်တိုင် သူတစ်ပါးကို လူသိရှင်ကြားတိုက်ခိုက် ခဲ့ပေမယ့် သူမ အပေါ် ဝေဖန်ကြတဲ့လူတွေကိုတော့ ကျေးဇူးတင်တယ်ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

Source: Thandar Zaw ‘s fb
Credit:Myanmar Celebrities




Source: Thandar Zaw ‘s fb
Credit:Myanmar Celebrities

Leave a Comment

Your email address will not be published.