


Crd…..

အခုလိုအခြေအနေမျိုးမှာ ပြည်သူတွေနဲ့ အတူ ရပ်တည်နေတဲ့ သူမကို နာမည်ဖျက်ဖို့ ကြိုးစားကြသူတွေရှိကြောင်း ပြောပြလာတဲ့ ပတ်ထရစ်ရှာ–ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ပတ်ထရစ်ရှာ ကတော့ ဗီဒီယိုဇာတ်ကားတွေကတစ်ဆင့် အနုပညာ လမ်းကြောင်းထက်ကို လျှောက်လှမ်းလာခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်အားပေးမှု နဲ့ အချိန်ခဏလေး အတွင်း အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ သူမက ရုပ်ရှင် ဇာတ်ကားတွေ အပြင် photo shooting တွေကိုလည်း လက်ခံ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ အခုလို မတည်ငြိမ်သေးတဲ့ အခြေအနေမျိုးမှာတော့ ပစ်ထရစ်ရှာက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တ ရပ်နားထားပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေ တာပဲ ဖြစ်ပါတယ်။

လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ သူမကို လူတစ်စုက နာမည် ဖျက်ဖို့ကြိုးစားနေတာဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်းအချိန်လောက်က လူမှု ကွန်ယက် ဖေ့ဘွတ်အကောင့်မှာ စာသားလေး အချို့ရေးသားတင်ပေးလာခဲ့ပါတယ်။ဒါကတော့ ပတ်ထရစ်ရှာက ” နေ့လည် ၃:၀၀ နာရီ က ကျွန်မ post တစ်ခု တင်ဖို့အတွက် အလုပ်ရှုပ်နေတုန်းမှာ ရင်းနီးတဲ့ အသိတစ်ယောက်က တစ်ဆင့် ဖုန်းဆက်လာတယ် …. နာမည်ကြီး ဗိုလ်ချုပ်ကြီး ရဲ့ သားတစ်ယောက်က ကျွန်မကို ကြိုက်လို့ သိန်း ၁၈၀ ပေးမယ်ဆိုပြီး မိတ်ဆက်ခိုင်းတယ်တဲ့ ရှင် Hotel နာမည်ပါ ထည့်ပြောလိုက်သေးသတဲ့ အကြံပက်စက်ချက်နော် ဘယ်လောက် ယုတ်မာချင်နေလဲဆိုတာ တွေးသာကြည့်တော့.ကျွန်မတို့ကို စောက်မြင် ကပ်နေတယ် ဆိုတာ ကောင်းကောင်းကြီး နားလည်သိရှိပြီးသားပါ ….

ဘာအကြံအစည် ရှိတယ် ဘာလိုချင်တယ် ဆိုတာကိုလည်း သိပါတယ်နော် ဟုတ်ကဲ့ ကျမတို့က ရှင်တို့လိုတော့ မချမ်းသာပါဘူး။ ကျွန်မတို့တွေ ဒီကာလမှာ အလုပ် မရှိတော့ ဝင်ငွေလုံးဝမရှိ ထွက်ငွေ သာရှိပါတယ် ဒါပေမယ့်လေ ခြွေခြွေတာတာလေးနဲ့ နေနေတယ် ရှိတာပဲ ဝတ်မယ် ရှိတာနဲ့ စားမယ် မပြောရဲမဆိုရဲ အပေါက် ပိတ်နေမယ့် သူဖြစ်အောင်တော့ ဇာတ်လာ မသိမ်းသွင်းနဲ့ sorry ပဲ ” ဆိုပြီး ရေးသားတင်ပေးလာပဲ ဖြစ်ပါတယ်။ တမင်ကြံစည်ပြီး နာမည်ဖျက်ဖို့ကြိုးစားနေတဲ့ သူတွေရှိကြောင်းပရိသတ်တွေ သိရှိစေဖို့အတွက် ပတ်ထရစ်ရှာရဲ့ စာသားလေးတွေနဲ့ ပုံအချို့ကို ပြန်လည်ဝေမျှပေး လိုက်ပါတယ်နော်။

Crd…..

Leave a Comment

Your email address will not be published. Required fields are marked *