


Credit – Cele Zone
Photo – Khine Hnin Wai

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…..ပရဟိတအလုပ်တွေကို အားကြိုးမာန်တတ် လုပ်ဆောင်နေတဲ့အပြင် မိဘမဲ့ဂေဟာကိုတည်ထောင်ကာ ကလေးငယ်လေးတွေကို စောင့်ရှေက်ပေးနေတဲ့ ခိုင်းနှင်းဝေကတော့ ပရိသတ်တွေလေးစားချစ်ခင်နေရသူတစ်ယောက်ပါ။ အခုလိုတော်လှန်ရေး ကာလမှာလည်း ပြည်သူနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ မိသားစုတွေအတွက် လှူဒါန်းမှုတွေကိုလည်း ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။

ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစားအားကျနေကြတာပါ။ခိုင်နှင်းဝေကတော့ နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင်ပင် လိုအပ်တဲ့နေရာတွေကို အခက်အခဲတွေကြားကနေ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။

ခုလိုကာလမှာ လက်လုပ်လက်စားပြည်သူတွေဟာ အလုပ်အကိုင်များကို လုပ်ကိုင်ရန် မလွယ်ကူတာကြောင့် စားဝတ်နေရေးအခက်အခဲတွေကိုရင်ဆိုင်နေရတာပါ။ခုလည်းဒီလို အဆင်မပြေဖြစ်နေတဲ့ပြည်သူထံကို ခိုင်နှင်းဝေက ကိုယ်တိုင်သွားရောက်ကာ ဆန် ၊ ဆီနဲ့ အခြားစားသောက်စရာများကိုလှူဒါန်းခဲ့ပြန်ပါတယ်။

Credit – Cele Zone
Photo – Khine Hnin Wai