ပရိတ္သတ္ၾကၤီးေရ…..သဥၨာႏြယ္၀င္းကေတာ့ ဗီဒီယိုဇာတ္ကားမ်ား ေၾကာ္ျငာမ်ားနဲ႔အႏုပညာေလာကထဲ စတင္၀င္ေရာက္လာခဲ့ၿပီး ပရိသတ္ အားေပးခ်စ္ခင္မႈရရွိခဲ့တဲ့သူတစ္ဦးျဖစ္ပါတယ္…..။ လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာနိုင္ငံရဲ့အေျခအေနေတြေၾကာင့္ အႏုပညာရွင္ေတြလည္း တတ္နိုင္တဲ့ဘက္ကေန ဝိုင္း၀န္းကူညီေပးၾကကာ ျပည္သူနဲ႔ အတူတသားတည္းရပ္တည္ေနၾကတာကို ေတြ႕ရပါတယ္။

ရက္ေပါင္း (၄၀)ေက်ာ္ၾကာျမင့္ေနၿပီျဖစ္တဲ့လူထုလႈပ္ရွားမႈႀကီးဟာဆိုရင္ ေနရာအႏွံ့အျပားမွာ ၿဖိဳခြင္းမႈေတြနဲ႔ ၾကဳံေတြ႕ေနၾကရတာျဖစ္ၿပီး ထိခိုက္က်ဆုံးသူဦးေရလည္း မ်ားျပားလာေနၿပီျဖစ္ပါတယ္။ အခုလိုစိတ္မခ်မ္းေျမ့ဖြယ္ရာ အျဖစ္အပ်က္ေတြေၾကာင့္ အႏုပညာရွင္ေတြလည္း တတ္နိုင္တဲ့ဘက္ကေန လႉဒါန္းကူညီမႈေတြလုပ္ၾကသလို ဆုေတာင္း ေမတၱာပို႔မႈေတြလည္း ျပဳလုပ္ေပးေနၾကတာပါ…..။

မၾကာေသးမီကလည္း သဥၨာႏြယ္၀င္းက သူမရဲ့ Facebookစာမ်က္ႏွာမွာ “fb ၾကည့္ လိုက္ရင္ စိတ္မေကာင္းစရာ ရင္နာစရာေတြပဲျမင္ေနရလို႔ ဖုန္းကိုင္ဖို႔ေတာင္အားမရွိေတာ့ဘူး။ ေန႔ခင္းေတြမွာလမ္းေပၚက ျပည္သူ ျပည္သားေတြကိုစိတ္ပူရၿပီး ညဘက္ေတြမွာလူတိုင္းကိုေအးေအးခ်မ္းခ်မ္းနဲ႔အိပ္စက္အနားယူခြင့္ေလးရဖို႔ပဲ ဆုေတာင္းမိပါတယ္။ အခ်ိန္မတန္ခင္ ေႂကြလြင့္ရတဲ့လူေတြထပ္မရွိေအာင္ သမာေဒဝနတ္ေကာင္းနတ္ျမတ္ေတြ ၾကည့္ရႈ႔မစေပးၾကပါ……” ဆိုၿပီး ဆုေတာင္းေပးကာ ခံစားခ်က္အခ်ိဳ႕မၽွေဝခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ တစ္ဆင့္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္……။

Source : Thinzar Nwewin’s Facebook acc
Credit…..

ပရိတ်သတ်င်္ကြီးရေ…..သဥ္ဇာနွယ်ဝင်းကတော့ ဗီဒီယိုဇာတ်ကားများ ကြော်ငြာများနဲ့အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ် အားပေးချစ်ခင်မှုရရှိခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်…..။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့် အနုပညာရှင်တွေလည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြကာ ပြည်သူနဲ့ အတူတသားတည်းရပ်တည်နေကြတာကို တွေ့ရပါတယ်။

ရက်ပေါင်း (၄၀)ကျော်ကြာမြင့်နေပြီဖြစ်တဲ့လူထုလှုပ်ရှားမှုကြီးဟာဆိုရင် နေရာအနှံ့အပြားမှာ ဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့နေကြရတာဖြစ်ပြီး ထိခိုက်ကျဆုံးသူဦးရေလည်း များပြားလာနေပြီဖြစ်ပါတယ်။ အခုလိုစိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်တွေကြောင့် အနုပညာရှင်တွေလည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းကူညီမှုတွေလုပ်ကြသလို ဆုတောင်း မေတ္တာပို့မှုတွေလည်း ပြုလုပ်ပေးနေကြတာပါ…..။

မကြာသေးမီကလည်း သဥ္ဇာနွယ်ဝင်းက သူမရဲ့ Facebookစာမျက်နှာမှာ “fb ကြည့် လိုက်ရင် စိတ်မကောင်းစရာ ရင်နာစရာတွေပဲမြင်နေရလို့ ဖုန်းကိုင်ဖို့တောင်အားမရှိတော့ဘူး။ နေ့ခင်းတွေမှာလမ်းပေါ်က ပြည်သူ ပြည်သားတွေကိုစိတ်ပူရပြီး ညဘက်တွေမှာလူတိုင်းကိုအေးအေးချမ်းချမ်းနဲ့အိပ်စက်အနားယူခွင့်လေးရဖို့ပဲ ဆုတောင်းမိပါတယ်။ အချိန်မတန်ခင် ကြွေလွင့်ရတဲ့လူတွေထပ်မရှိအောင် သမာဒေဝနတ်ကောင်းနတ်မြတ်တွေ ကြည့်ရှု့မစပေးကြပါ……” ဆိုပြီး ဆုတောင်းပေးကာ ခံစားချက်အချို့မျှဝေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်……။

Source : Thinzar Nwewin’s Facebook acc
Credit…..

Leave a Comment

Your email address will not be published. Required fields are marked *