



Credit ; MM Load

ချစ်ပရိတ်သတ်ကြီးရေ….ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သိင်္ဂီထွန်းဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်နော်။မင်းသမီးကြီးသိင်္ဂီထွန်းရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်မ ကရှိနေပြီဖြစ်လို့ အားပေးချစ်ခင်နေကြတဲ့ပရိသတ်အများအပြားကို လည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။သိင်္ဂီထွန်းဟာ လက်ရှိအချိန်ထိလည်း အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ဆောင်နေရင်း တစ်ယောက်တည်းအေးအေးချမ်းချမ်း နေထိုင်နေတာပဲဖြစ်ပါတယ်။

သိင်္ဂီထွန်းက သူမကိုယ်တိုင်ကြိုးစားရှာဖွေထားတဲ့ ငွေးကြေးဥစ္စာတွေကိုလည်း စည်းစနစ်တကျစုဆောင်းတတ်ပါသေးတယ်နော်။လူတိုင်းအပေါ်မှာ စိတ်သဘောထားပြည့်ဝစွာနဲ့ကူညီပေးတတ်တဲ့ သိင်္ဂီထွန်းကေ တာ့ သူမကို အကူအညီလာတောင်းလို့ ငွေးကြေးမျ ားစွာကို ချေးပေးထားတာဖြစ်ပါတယ်။‌စေတနာဖြူဖြူစင်စင်နဲ့ ပိုက်ဆံချေးပေးလိုက်ပေမယ့်လည်း အဲ့ဒီလူတွေက အဆက်အသွယ် မလုပ်တော့တာကြောင့် သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အောက်ပါအတိုင်းဖွင့်ဟလာတာပဲဖြစ်ပါတယ်နော်။

သိင်္ဂီထွန်းကတော့”2020မှတ်တမ်း. ကျွန်မ အလိုမကျ ပူနေရတဲ့ အကြောင်း. ရက်ပိုင်းလပိုင်းလေးပါပဲ အခက်ခဲရှိလို့ ပြောလွန်းလို့ အကူညီတောင်းလွန်းလို့ များစွာသောငွေများကို အလွယ်တကူယူသွားကြတဲ့ ဂုဏ်သိက္ခာရှိလူကြီးမင်းများကို အဆက်သွယ်လည်းမရ ဖုန်းခေါ်လည်းမကိုင်. စာပို့လည်းမပြန်နဲ့..

ကိုဗစ်ကာလတစ်လျှောက်ကိုဗစ်နဲ့အတူ လွှင့်ပါသွားကြပြီလားလို့ စိတ်ပူနေပါတယ် ဂုဏ်ကြီးရှင်တို့ရှင်.ကူညီရမယ်ဆို ပိုင်ဆိုင်မူရှိသမျှစွန့်ကူညီတတ်တဲ့ သဘောကောင်းတဲ့ ကျွန်မကိုအဖက်လုပ်ကြပါဦး ဂုဏ်ကြီးရှင်တို့..”ဆိုပြီး ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်……။

Credit ; MM Load