Credit ; (CeleChitThu)
ပရိသတ်တွေအတွက်မင်းသမီးချောလေး ပိုးကြာဖြူခင်နဲ့ အတထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။
လတ်တလောမှာလည်း သူမက Online Saleလုပ်ရင်း ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးလာတာကို တွေ့ရမှာပါပဲနော်။ ဒီနေ့မှာတော့ ပိုးကြာဖြူခင်က”အစကတည်းကပြောပြီးပါပြီ ထပ်ပြောပါမယ်။လွှင့်ပြီးသား live တွေကို ပြန်တင်ပြီး လိမ်စားနေတဲ့ page အတုတွေ အများကြီးရှိပါတယ်။အဲ့ page တွေရဲ့ နာမည်ကို သေချာကြည့်ကြပါ ကျမရဲ့ official page မဟုတ်ရင် ဝင်မမန့်ကြပါနဲ့ မန့်ကြလို့ မဲပေါက်ပါတယ် ဘာညာ ထင်ကြရင်လဲ လွှင့်တဲ့ page အတုမှာပဲ သွားတောင်းကြပါ ကျမကို လာလာမတောင်းကြပါနဲ့ ဒီနေ့ဆို မိန်းကလေးတစ်ယောက် တော်တော်ဆိုးပါတယ် သားအမိ ၂ ယောက်လုံးကိုပါ page cb မှာ လက်ဆောင်မရလို့ဆိုပြီး လာဆဲသွားပါတယ် ကျမ page admin က သေချာရှင်းပြပါတယ်။
လက်မခံပဲ ထပ်ဆဲပါတယ်။ကျမ ပရိတ်သာတ်တွေကို တန်ဖိုးထားပါတယ် လေးလဲလေးစားပါတယ် အဲ့တာကြောင့်လဲ ကိုယ့်ပိုက်ဆံအကုန်ခံပြီး လက်ဆောင်တွေ ပေးပါတယ် အဖြေမှန်တဲ့သူတွေအားလုံးကိုလဲ အိမ်တိုင်ရာရောက် လက်ဆောင်ပို့ပေးပြီးပါပြီ ပို့တုန်းကလဲ ပို့တဲ့ လမ်းခရီး အစဆုံးကို live လွှင့်ပေးခဲ့ပါတယ်။ချင့်ချိန်ပြီး ကြည့်ပါ မျက်စိနဲ့ လွှင့်နေတဲ့ page နာမည်ကို သေချာကြည့်ပါ။ကိုယ်တိုင် သေချာမကြည့် လူလိမ်တွေ ပတ်သမျှ ခံ ဝင်ရေးပြီး လိုချင်တာ ရချင်မှ ကျမဆီ လာလာမတောင်းကြပါနဲ့ ။
ကျမနဲ့ ဘာမှ မသတ်ဆိုင်ပါ နောက်နောင် page cb မှာ ဖြစ်ဖြစ် ကျမ ပုံများအောက်တွင် ဖြစ်ဖြစ် page အတုများတွင် ကူးယူဖော်ပြခံရသော ကျမတို့ သားအမိ live များနှင့်ပတ်သတ်ပြီး မကျေမနပ်ဖြစ်ပြီး ရိုင်းပြ စွာ လာပြောလာရေး လာမန့်သည်များကို သီးခံအားနာနေမည် မဟုတ်ပဲ တရားဥပဒေအရ သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ် ရှင့်”လို့ဆိုပြီး ပေ့ချ်အတုတွေကြောင့် အနှောင့်အယှက်ဖြစ်မိတဲ့အကြောင်းကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source….Poe Kyar Phyu Khin’s Facebook
Credit ; (CeleChitThu)