ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ စံရတီမိုးမြင့်ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများအပြားရှိနေပြီး စံရတီမိုးမြင့်ကလည်း သူမကို အားပေးနေကြတဲ့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့အတူတူ အမြဲတမ်းကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စံရတီမိုးမြင့်က အနုပညာလှုပ်ရှားမှုတွေကို တော်တော်များများရပ်နားထားပြီး သူမဝါသနာပါတဲ့ အလုပ်လေးတွေကိုသာ အချိန်ပေးလုပ်ကိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။
အလှအပနဲ့ ပက်သတ်ပြီး သဘာဝကျကျလှတဲ့ စံရတီမိုးမြင့်က သူမရဲ့ မျက်နှာရော၊ ခန္ဓာကို်ယ်အချိုးအစားကိုရော သဘာဝနည်းလမ်းတွေနဲ့ ထိန်းသိမ်းထားသူတစ်ယောက်ပါပဲ။ လက်ရှိမှာ အားကစားတွေကို အပြင်းအထန်လုပ်ဖြစ်နေတဲ့ စံရတီမိုးမြင့်က ဒီကနေ့မှာတော့ မိန်းကလေးတိုင်းအားကျချင်စရာကောင်းတဲ့ သူမရဲ့ ထွာဆိုင်လောက်ရှိတဲ့ ခါးဆိုဒ်လေးကို ဂုဏ်ယူစွာနဲ့ ပြသလာတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
စံရတီမိုးမြင့်ကတော့ တကယ်ပဲ လက်တစ်ထွာလောက်သာရှိတဲ့ ခါးလေးကိုရဖို့ အားကစားတွေလုပ်၊ အစားတွေလျှော့စားရင်း ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စံရတီမိုးမြင့်ကိုကြည့်ပြီး အားကျစိတ်တွေဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: San Yati Moe Myint’s fb
Credit – Cele Connections