ပရိတ္ၾကီးေရ ႏွစ္ထပ္ကြမ္း အကယ္ဒမီဆုရွင္ အိျႏၵာေက်ာ္ဇင္ ကေတာ့ အႏုပညာေလာကမွာ ဒီေန႔ဒီအခ်ိန္ထိ ထိပ္ဆုံးမွာ ရပ္တည္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္ကေတာ့ အခုဆိုရင္ သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔ သာယာတဲ့ အိမ္ေထာင္တစ္ခုကို တည္ေထာင္ထားၿပီး စီးပြားေရး၊ လူမႈေရးလုပ္ငန္းေတြကိုလည္း ဦးစီးလုပ္ကိုင္ေနလ်က္ရွိပါတယ္။ စီးပြားေရးလုပ္ငန္းေတြအျဖစ္ သုျဒာ႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔ အီတလီႏိုင္ငံထုတ္ The Bridge အမွတ္တံဆိပ္ လက္ကိုင္အိတ္ေတြကို ျမန္မာႏိုင္ငံမွာ တစ္ဦးတည္းကိုယ္စားလွယ္ယူေရာင္းခ်ေနတာပဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း အိျႏၵာေက်ာ္ဇင္က သူမရဲ႕ နာမည္ Eaindra Kyaw Zin ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ အီတလီနိုင္ငံမွာ ျပဳလုပ္ဖန္တီးထားတဲ့ ကုန္ပစၥည္းအသစ္တစ္မ်ိဳးကို ကိုယ္တိုင္ထုတ္လုပ္ ေရာင္းခ်သြားေတာ့မွာပဲ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္ရဲ့ Eaindra Kyaw Zin ေရေမႊးကေတာ့ မေန့က ဇန္နဝါရီလ (၃၀) ရက္ေန့မွာပဲ ပရိသတ္ေတြကို မိတ္ဆက္ေပးခဲ့ျပီျဖစ္ျပီး မၾကာခင္အခ်ိန္အတြင္းမွာ ေရာင္းခ်သြားေတာ့မယ့္အေၾကာင္းကို ေျပာလာပါတယ္။

အိျႏၵာေက်ာ္ဇင္ကေတာ့ သူမရဲ့ ကိုယ္ပိုင္နာမည္နဲ့ ကုန္ပစၥည္းကို (၂၀၂၁) ခုနွစ္မွာ ေသေသခ်ာခ်ာ အေကာင္အထည္ေဖာ္နုိင္ခဲ့ျပီပဲ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္ကို ခ်စ္ၾကတဲ့ ပရိသတ္ေတြအေနနဲ့ေတာ့ အိျႏၵာေက်ာ္ဇင္နဲ့ အတူရိွေနသလို ခံစားရမယ့္ ေရေမႊးေလးကို ပိုင္ဆိုင္ခြင့္ရမွာ ေပ်ာ္စရာၾကီးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: Eaindra Kyaw Zin Merchandise’s fb
Credit– Cele Connections

ပရိတ်ကြီးရေ နှစ်ထပ်ကွမ်း အကယ်ဒမီဆုရှင် အိန္ဒြာကျော်ဇင် ကတော့ အနုပညာလောကမှာ ဒီနေ့ဒီအချိန်ထိ ထိပ်ဆုံးမှာ ရပ်တည်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အခုဆိုရင် သရုပ်ဆောင် ပြေတီဦးနဲ့ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်ထားပြီး စီးပွားရေး၊ လူမှုရေးလုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ကိုင်နေလျက်ရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေအဖြစ် သုဒြာရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အီတလီနိုင်ငံထုတ် The Bridge အမှတ်တံဆိပ် လက်ကိုင်အိတ်တွေကို မြန်မာနိုင်ငံမှာ တစ်ဦးတည်းကိုယ်စားလှယ်ယူရောင်းချနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း အိန္ဒြာကျော်ဇင်က သူမရဲ့ နာမည် Eaindra Kyaw Zin ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အီတလီနိုင်ငံမှာ ပြုလုပ်ဖန်တီးထားတဲ့ ကုန်ပစ္စည်းအသစ်တစ်မျိုးကို ကိုယ်တိုင်ထုတ်လုပ် ရောင်းချသွားတော့မှာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ Eaindra Kyaw Zin ရေမွှေးကတော့ မနေ့က ဇန်နဝါရီလ (၃၀) ရက်နေ့မှာပဲ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပြီဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ ရောင်းချသွားတော့မယ့်အကြောင်းကို ပြောလာပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ ကိုယ်ပိုင်နာမည်နဲ့ ကုန်ပစ္စည်းကို (၂၀၂၁) ခုနှစ်မှာ သေသေချာချာ အကောင်အထည်ဖော်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကို ချစ်ကြတဲ့ ပရိသတ်တွေအနေနဲ့တော့ အိန္ဒြာကျော်ဇင်နဲ့ အတူရှိနေသလို ခံစားရမယ့် ရေမွှေးလေးကို ပိုင်ဆိုင်ခွင့်ရမှာ ပျော်စရာကြီးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Eaindra Kyaw Zin Merchandise’s fb
Credit– Cele Connections