



Source: Myatlay

Credit ; Cele World

အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အောင်မြင်မှု တစ်နေရာကို ရယူထားနိုင်တဲ့ မင်းသမီးအေးမြတ်သူကတော့ ခုလက်ရှိအချိနိမှာ အပျိုကြီးလို့တောင်တင်စားပြီးခေါ်နေကြပြီဲဖြစ်ပါတယ်နော်.. မင်းသမီးအေးမြတ်သူတော့ မိန်းကလေးတိုင်းအားကျရလောက်အောင် လှပတဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး သူမကိုယ်တိုင်ကလည်း လေ့ကျင့်ခန်းတွေမှန်မှန်ပြုလုပ်နေပုံကိုလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်အောင် တင်ပေးနေတာ ဖြစ်ပါတယ်။

အေးမြတ်သူကတော့ မြန်မာဇာတ်လမ်းတွဲတွေထဲမှာလည်း ကျရာနေရာကနေပါဝင်သရုပ်ဆောင်နိုင်ပြီး ခုလက်ရှိအချိန်မှာတော့ အေးမြတ်သူက မြန်မာနိုင်ငံအရေးနဲ့ပက်သက်လို့လည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တယ်လို့လည်း ပြည်သူတွေ ကပြောသလို တစ်ချို့ဝေဖန်သူတစ်ချို့ကလည်း စစ်တပ်ဘက်ကို အလှူတွေလုပ်ပြီး ထောက်ခံတယ်လို့လည်း သတင်းတွေထွက်လာခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း သူမကတော့ ဝေဖန်မှုတွေကိုဖြေရှင်းချက်ပေးမလာ ခဲ့ပါဘူးနော်…

သူမရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကိုလည်း ဖေ့ဘုတ်စာမျက်နှာမှာ တင်မလာတော့ဘဲ Instagram မှာပဲ တင်လာတော့တာ ဖြစ်ပါတယ်နော်.. ဒီနေ့လေးမှာလည်း အေးမြတ်သူက သူမကိုအိမ်ပြန် လာရင် ကြိုသူရှိနေပြီ လို့ရေးသားလာပြီး သူမချစ်တဲ့ ခွေးလေးနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးလာတာ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း သူမ ချစ်တဲ့ခွေးလေးက အေးမြတ်သူအမောပြေအောင် ကြိုဆိုပုံလေးတွေကိုကြည့်ပြီး ချစ်ပေးကြပါအုံးနော်..

Source: Myatlay

Credit ; Cele World