ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာ နႏၵာလႈိင္ကေတာ့ မိဘလက္ထပ္ကတည္းက မေတာင့္မတ မေၾကာင့္မက်ေနထိုင္ခဲ့ရသူျဖစ္ၿပီး အိမ္ေထာင္က်ၿပီးသြားခ်ိန္မွာလည္း ခင္ပြန္းျဖစ္သူေၾကာင့္ အပူအပင္ကင္းကင္းနဲ႔ ေနထိုင္ခဲ့ရသူတစ္ဦး ျဖစ္ပါတယ္။ အစစအရာရာ လိုေလေသးမရွိ ၿပီးျပည့္စုံတဲ့ နႏၵာလႈိင္တို႔ မိသားစုက အလႉအတန္းမွာလည္း ရက္ေရာသူတစ္ေယာက္ျဖစ္ၿပီး နႏၵာလႈိင္ကိုယ္တိုင္ကလည္း ႏိုင္ငံေတာ္က ေပးအပ္ခ်ီးျမႇင့္တဲ့ သီရိသုဓမၼသိဂႌဘြဲ့တံဆိပ္ကို ရရိွထားသူ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အေနအထိုင္ပိရိျပီး ဘာသာ၊ သာသနာအက်ိဳးကို သယ္ပိုးတတ္တဲ့ နႏၵာလိႈင္တို့ တစ္မိသားစုလံုးကို ခ်စ္ခင္စြာနဲ့ အားေပးၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန့ ေဖေဖာ္ဝါရီလ (၁) ရက္ေန့ကေတာ့ နႏၵာလိႈင္ရဲ့ ခင္ပြန္း ကိုေဇသီဟရဲ့ အသက္ (၄၄) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ နႏၵာလိႈင္ရဲ့ ခင္ပြန္းက သူ့ရဲ့ ေမြးေန့မွာ ဘာသာေရးနဲ႔ ကိုဗစ္ကာကြယ္ေဆးဝယ္ယူႏိုင္ေရးတို႔မွာ သုံးစြဲဖို႔ သိန္း (၅၀၀၀) လႉဒါန္းသြားမယ့္အျပင္ ေဇကမၻာဝန္ထမ္းေပါင္း (၇၀၀) ေက်ာ္ကိုလည္း ေန့လည္စာေက်ြးေမြးသြားမယ္လို့ သူ့ရဲ့ ကုသိုလ္အစုစုကို ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ ေျပာလာပါတယ္။

နႏၵာလိႈင္ကေတာ့ သူမခင္ပြန္းရဲ့ ကုသိုလ္အစုစုအတြက္ ထပ္တူဝမ္းသာ ပီတိျဖစ္ေနမယ္ဆိုတာ ေသခ်ာပါတယ္။ ပရိသတ္ၾကီးလည္း နႏၵာလိႈင္တို့ မိသားစုရဲ့ ကုသိုလ္ေလးကို ထပ္တူပီတိျဖစ္ ဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: Zay Thiha’s fb
Credir– Cele Connections

နိုင်ငံကျော် မင်းသမီးချော နန္ဒာလှိုင်ကတော့ မိဘလက်ထပ်ကတည်းက မတောင့်မတ မကြောင့်မကျနေထိုင်ခဲ့ရသူဖြစ်ပြီး အိမ်ထောင်ကျပြီးသွားချိန်မှာလည်း ခင်ပွန်းဖြစ်သူကြောင့် အပူအပင်ကင်းကင်းနဲ့ နေထိုင်ခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ အစစအရာရာ လိုလေသေးမရှိ ပြီးပြည့်စုံတဲ့ နန္ဒာလှိုင်တို့ မိသားစုက အလှူအတန်းမှာလည်း ရက်ရောသူတစ်ယောက်ဖြစ်ပြီး နန္ဒာလှိုင်ကိုယ်တိုင်ကလည်း နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို ရရှိထားသူ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အနေအထိုင်ပိရိပြီး ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးတတ်တဲ့ နန္ဒာလှိုင်တို့ တစ်မိသားစုလုံးကို ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတော့ နန္ဒာလှိုင်ရဲ့ ခင်ပွန်း ကိုဇေသီဟရဲ့ အသက် (၄၄) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ ခင်ပွန်းက သူ့ရဲ့ မွေးနေ့မှာ ဘာသာရေးနဲ့ ကိုဗစ်ကာကွယ်ဆေးဝယ်ယူနိုင်ရေးတို့မှာ သုံးစွဲဖို့ သိန်း (၅၀၀၀) လှူဒါန်းသွားမယ့်အပြင် ဇေကမ္ဘာဝန်ထမ်းပေါင်း (၇၀၀) ကျော်ကိုလည်း နေ့လည်စာကျွေးမွေးသွားမယ်လို့ သူ့ရဲ့ ကုသိုလ်အစုစုကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောလာပါတယ်။

နန္ဒာလှိုင်ကတော့ သူမခင်ပွန်းရဲ့ ကုသိုလ်အစုစုအတွက် ထပ်တူဝမ်းသာ ပီတိဖြစ်နေမယ်ဆိုတာ သေချာပါတယ်။ ပရိသတ်ကြီးလည်း နန္ဒာလှိုင်တို့ မိသားစုရဲ့ ကုသိုလ်လေးကို ထပ်တူပီတိဖြစ် ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Zay Thiha’s fb
Credir– Cele Connections