ပရိတ်သတ်တွေအတွက်သီချင်းကောင်းများစွာသီဆိုခဲ့ပြီး အားလုံးကချစ်ကြတဲ့diots ဂီတအဖွဲ့ကပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ကိုရေမွန်ဟာ မမျှော်လင့်ပဲရုတ်တရက်ယနေ့ ဇွန် ၂၃ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့သူ့ရဲ့မိသားစုဝင်တစ်ဦး၏ လူမှုကွန်ရက်မှာရေးသားထားတာကို တွေ့ရပါတယ်။အစပိုင်းမှာတော့ ဦးနှောက်ထဲသို့ ဌက်ဖျားပိုးဝင်တယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့်လည်း နိုဗန်ထူးကတော့ သေချာတဲ့ သတင်း အတိအကျကို ပြောပြလာ တာပါနော်။

အဖိုးတန်လွန်းတဲ့ အနုပညာသမားတစ်ဦး ကြွေလွင့်သွားခဲ့ရတဲ့အတွက် ပရိသတ်တွေက အရမ်းကို ဝမ်းနည်းနေကြတာပါနော်။ ဖခင်မေတ္တာငတ်မွတ်ခဲ့ရသူဖြစ်တာကြောင့်လည်း အကုန်လုံးက ကရုဏာသက်နေကြတာပါ။ သူ့ရဲ့ကောင်မလေးဆိုရင်လည်း ရေမွန်ရဲ့နောက်ဆုံးအချိန်မှာတောင် အတူရှိနေခွင့်မရခဲ့တာကြောင့် ဘယ်လိုမှ ဖြေမဆည်နိုင်အောင် ပါပဲနော်။

ရေမွန်ရဲ့ချစ်သူကောင်မလေးက သူမနဲ့ရေမွန်စကားပြောခဲ့ကြတဲ့စာလေးတွေ ရေမွန်ရဲ့သူမအပေါ်ကလေးတစ်ယောက်လိုချွဲတတ်တဲ့အကျင့်စရိုက်လေးတွေကို ဝမ်းနည်းစွာနဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။အဲ့ဒါကတော့ “သူမသွားခင်က နဲ့ ဟိုရောက်သွားတဲ့ပုံမဲသဲလာတဲ့ ရည်းစားလေးကို သနားလွန်းလို ဟိုရောက်တော့ စားချိန် ထချိန် အကုန် မှန်တော့ ဖောင်းကားလာတာသူ့ကို အုန်းမဲလုံးလို စရင် $ကလေးနော်လို ပြန်အော်တတ်သေးတာ ခုတော့ မနက်ရုံးသွားရင် နှိး ပေးမဲ့ My Tiger 🐯💚 ဆတဲ့ contact ကလည်း အဝင်မရှိတော့ ဘူး…

ကိုယ် အပြင်သွားရင် video call တွေခေါ်မဲ့ Tiger 8834 🐯💚 account ကလည်း အဝင် call မရှိတော့ဘူးGoodnight ဆိုပြီး cringe ဖြစ်စရာ Gif တွေလည်း မကြည့်ရတော့ဘူးဘဝမှာ Katherine Thann နဲ့မှ အချစ်ကို သေချာသိတာပါ ဆိုပြီး အပိုတွေနဲ့ အဖားမခံရတော့ဘူး ကိုယ့်ဘာသာကို ချော်လဲတာ ထိခိုက်မိတာတွေ ပြောပြရင် sorry babe ဥုံဖွနော် လို မကြားရတော့ဘူးကိုကိုက ဘဝမှာ cheat မလုပ်ဖူးတာ ဘေဘီ၁ယောက်ထဲရှိတာ တော့ ဂုဏ်ယူလိုက်စမ်းပါ ဆိုပြီး ကြွားတာတွေ မကြားရတော့ဘူးဘေဘီနဲ့ကြိုက်မှ ပေါင် ၁၃၀ ဖြစ်ဖူးတော့တယ်ပြောပြီး သူ့ထက် ၁လက်မနဲ့ ၁၀ပေါင် ပိုတဲ့ ကေ့ကို ကုန်းပိုး ပွေ့ ချီပြီးလျောက်မသွားတော့ဘူးကိုကို ကို rock concert ၃ပွဲ လိုက်ပေး ရင် ဘေဘီ့ကို EDM ၅ပွဲ ပြန်လိုက်ပေး မယ် ဂုတ်ပေါ်လည်းတင်မယ်ဆို ခုတော့ ဘယ်မှလည်း မသွားလိုက်ရဘူး.

Europe ဘက်ခရီးတွေထွက်မယ် ပိုက်ဆံစုကြမယ် သဲလေးဆိုပြီး ဘယ်မှလဲ မရောက်လိုက်ဘူးတတ်တူးတိုးဖို လုပ်ထားတာ သူမရှိလို ပေးမထိုးပဲ “ကိုကိုက babe life ရဲ့ first tattoo ထိုးတာကို ဘေးကနေ လက်လေးကိုင်ပြီး စောင့်ပေးချင်တာလေ” ဆိုပြီး ဂျီကျမခံရတော့ဘူးလကုန် ပြန်လာချင်လို လာခေါ်ပေးပါဆိုပြီး စီစဉ်နေရာက လတောင်မကုန်သေးဘူး dead body နဲ့ပြန်လာမှာလားဖုန်းထဲ gallery ကြည့်လိုက်ရင် သူနဲ့ပုံက ၄ပုံ၃ပုံခုထိလဲ မယုံနိုင်သေးဘူး လက်လဲမခံပေးနိုင်သေးဘူး” ဆိုင်္ပြီးဝမ်းနည်းကြေကွဲစွာနဲ့ရေးသားလာတာပဲဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိ ပါတယ်။

Source ; Katherine Thann Facebook Acc

Credit ; Celebrity Platforms