ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ပိုးအိအိခန႔္ ကေတာ့ သူ႔ရဲ႕မိသားစုနဲ႔အတူ ဘန္ေကာက္ၿမိဳ႕တြင္ အေျခခ်ေနထိုင္ ေနပါတယ္ေနာ္။ ဘန္ေကာက္ကို မေျပာင္းေ႐ြ႕မီ ျမန္မာႏိုင္ငံတြင္ ေနထိုင္ခဲ့စဥ္အတြင္းမွာ အထည္ေတြ ေရာင္းခ်ျခင္းျဖင့္ တစ္ဖက္တစ္လမ္းကေန စီးပြားရွာခဲ့ပါတယ္ေနာ္။ အေနေအးတယ္လို႔ ထင္ရေပမယ့္ သူ႔ကိုေစာ္ကားလာရင္ေတာ့ လုံးဝသည္းမခံဘဲ ျပန္ေျဖရွင္းတတ္သူ တစ္ေယာက္ ပါေနာ္။

ေဈးေရာင္း ခဲ့စဥ္က ႀကဳံေတြ႕ခဲ့ရတဲ့ အမွတ္တရျဖစ္စဥ္ေလး ေတြကို ပိုးအိအိခန႔္မွ ျပန္ၿပီး ေရးသားေျပာျပလာ ခဲ့ပါတယ္ေနာ္။ ” “အမွားထဲက ေနာင္တ”တကယ္ေတာ့ လူႏွစ္ေယာက္ ျပႆနာတက္ အခ်င္းမ်ားတယ္ဆိုတာက ကိုယ့္ဘက္ကိုပဲ ကိုယ္ၾကည့္ၿပီး သူ႔ဘက္သူ႔ေနရာကို ဝင္မၾကည့္တဲ့ အခါမ်ိဳးေတြမွာ စကားမ်ားတတ္ ပါတယ္ေျပာရမယ္ဆို ကိုယ့္ဘက္က ၾကည့္ လက္ဖမိုး သူ႔ဘက္ကၾကည့္ လက္ဖဝါး ဆိုသလိုေပါ့ကြၽန္မ live sale ေတြ စေရာင္းစဥ္အခါကေပါ့ ကြၽန္မ customer တစ္ဦးနဲ႔ စကားေလးအဆင္မေျပျဖစ္ခဲ့ဖူးတယ္ (စာ႐ိုက္ၿပီးပဲျဖစ္တာပါ)ကြၽန္မ အက်င့္က ကိစၥတစ္ခု ရွိၿပီဆို ဒီအလုပ္ကိစၥကို ၿပီးျပတ္ေအာင္လုပ္ၿပီးမွ စားဝင္အိပ္ေပ်ာ္တယ္ စာက်က္ရင္လည္း တစ္ပုဒ္လုံးရမွ အဲ့လိုမ်ိဳးေပါ့အဲ့တုန္းကလည္း ကြၽန္မ က တစ္ေန႔ ေရာင္းလို႔ရသမွ် ေအာ္ဒါေတြ အကုန္ကို တစ္ညထဲနဲ႔ အၿပီးသတ္ စာရင္း လုပ္ခ်င္တယ္ ညစာရင္းလုပ္ မနက္ကို ေအာ္ဒါ တင္တာတင္ deli အပ္စရာရွိတာအပ္ေပါ့ေအာ္ဒါေတြက အရမ္းမ်ား လူကလည္း စလုပ္ခါစကလည္းျဖစ္ေတာ့ ညေတြ မအိပ္ မနက္လင္းအားႀကီး ၄ / ၅ နာရီေလာက္မွ အိပ္ မနက္ဆို ေန႔လည္ ၁၂ ေလာက္မွ ထ အဲ့လိုမ်ိဳး လုပ္ခဲ့တာေပါ့တစ္ရက္က်ေတာ့ customer တစ္ဦးက ကြၽန္မဆီက အထည္ေတြ အမ်ားႀကီးအားေပးတယ္ ေသာင္းဂဏန္းေရာင္းတဲ့အထည္ကို သိန္းခ်ီဖိုးအားေပး တယ္…..

အဲ့ေတာ့ သူေငြႀကိဳလႊဲဖို႔လိုေရာ လိုေတာ့ သူက မနက္ေစာေစာ ေငြ လႊဲလိုက္တယ္ ထင္ပါတယ္ ကြၽန္မကို ဖုန္းေတြ ဆက္ပါ ေလေရာ…. မကိုင္မခ်င္းဆက္တာ …… ကြၽန္မ အက်င့္ကလည္း လိုင္းမပိတ္တဲ့အက်င့္(ခုေတာ့လိုင္းပိတ္အိပ္ေနၿပီ😄)ဖုန္းကို ေခါင္းနားထားအိပ္တဲ့အက်င့္(ထားတုန္းပဲ ဖုန္းေတာ့😛)သူက တဂြမ္ဂြမ္ဆက္ ကိုယ္က ညက မအိပ္ မိုးလင္းမွ အိပ္ရ နဲ႔ ဆက္တိုက္ ဆက္တိုက္ ဆက္ပါမ်ားေတာ့(မနက္၈နာရီေလာက္ကေန ၁၁ နာရီေလာက္ထိ) မအိပ္ရတဲ့စိတ္နဲ႔ တဒဂၤ ေဒါသက စပါေလေရာ ဖုန္းကိုင္ၿပီး ဘယ္သူဒီေလာက္ဆက္ေနလဲ ၾကည့္ေတာ့ ေငြလႊဲထားတာ ဝင္လား စစ္ေပးပါတဲ့ 😩ကြၽန္မလည္း လူကပုေတာ့ စိတ္ကလည္းသိတယ္မလား 😖အမရယ္လို႔ ကြၽန္မက blue mark ႀကီးနဲ႔ ေရာင္းေနတာပါလို႔ အမေငြ ကို ကြၽန္မ လိုင္းသုံးတာနဲ႔စစ္ၿပီး အေၾကာင္းျပန္ထားမွာေပါ့လို႔တစ္ဖက္ကလည္း ကြၽန္မကလည္း ကြၽန္မေငြလႊဲထားတာေလတဲ့ ဝင္မဝင္ သိခ်င္တယ္တဲ့ စသျဖင့္ အနည္းငယ္ေလာက္ စကားေလးေတြ အဆင္မေျပ့တေျပေျပာၾကတယ္ ေနာက္ဆုံး customer right မို႔ ကြၽန္မကပဲ စကားလုံးေလးေတြ ခ်ိဳတဲ့ဘက္ေျပာင္းၿပီး ရပ္လိုက္ရတယ္တကယ့္တကယ္ ျပန္ စဥ္းစားၾကည့္ေတာ့ သူမွန္တယ္ ။

ကြၽန္မ ညမအိပ္ ဘဲ အလုပ္လုပ္ေနတာ သူမသိဘူး သူ႔ကိစၥလည္းမဟုတ္ဘူး သူ႔ကိစၥက သူ႔ေငြ သူတန္ဖိုးထားတဲ့ ေငြကို ဘာပစၥည္းမွ လက္မခံရေသးဘဲ ႀကိဳလႊဲရတာ ဝင္ေၾကာင္း သက္ေသ လိုခ်င္တယ္ ျဖစ္သင့္တယ္ ကိုယ့္အတြက္ ၁ သိန္း ၂ သိန္းက တန္ဖိုးရွိခ်င္လည္းရွိမယ္ ရွိခ်င္မွလည္းရွိမယ္ဆိုေပမယ့္ တစ္ဖက္လူအတြက္တန္ဖိုး အရမ္းရွိေနႏိုင္တယ္ဒါကို တစ္ဖက္လူရဲ႕ေနရာကို မၾကည့္ဘဲ ငါညကမအိပ္ရဘူး မနက္မွ အိပ္ရတာကို ဘာလို႔ဒီေလာက္ဖုန္းဆက္ေနတာလဲ မသိဘူးနဲ႔ ကိုယ့္အတြက္ ကိုယ္ၾကည့္ၿပီး တဒဂၤ စိတ္နဲ႔တုံ႔ျပန္မိခဲ့တာ ျပန္ေတြးၾကည့္ေတာ့ ကြၽန္မ မွားတယ္ေနာက္ေနာင္လည္း အၿမဲ သူ႔ဖက္ ကိုယ့္ဖက္ ၾကည့္ၿပီး တဒဂၤ ေဒါသကို မထြက္ဘဲ ေနႏိုင္ေအာင္ သတိထားရမယ္အဲ့တုန္းက ျဖစ္ခဲ့တဲ့အမ ဘယ္သူလည္းေတာ့ မမွတ္မိေတာ့ေပမယ့္ အမက ဒီစာေလးဖတ္မိလို႔ မွတ္မိရင္ ညီမကပဲေတာင္းပန္ပါတယ္ ေနာ္ ☺️☺️☺️Peace ေနာ္အမေနာက္ေစ်းေရာင္းလည္း အားေပးေနာ္ဘာေရာင္းရမလဲေတာ့ မသိေသးဘူး 😂P.S ပုံက မ်က္ႏွာငယ္ေလး နဲ႔ေတာင္းပန္ေနတာေပါ့ 😔😜” လို႔ ေရးထားပါတယ္ ပရိသတ္ႀကီးေရ…။ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ပါ တယ္ေနာ္။

Credit:Celelucky

ပရိသတ်ကြီးရေ သရုပ်ဆောင် ပိုးအိအိခန့် ကတော့ သူ့ရဲ့မိသားစုနဲ့အတူ ဘန်ကောက်မြို့တွင် အခြေချနေထိုင် နေပါတယ်နော်။ ဘန်ကောက်ကို မပြောင်းရွေ့မီ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ်အတွင်းမှာ အထည်တွေ ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းကနေ စီးပွားရှာခဲ့ပါတယ်နော်။ အနေအေးတယ်လို့ ထင်ရပေမယ့် သူ့ကိုစော်ကားလာရင်တော့ လုံးဝသည်းမခံဘဲ ပြန်ဖြေရှင်းတတ်သူတစ်ယောက်ပါ နော်။

ဈေးရောင်း ခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရဖြစ်စဉ်လေး တွေကို ပိုးအိအိခန့်မှ ပြန်ပြီး ရေးသားပြောပြလာ ခဲ့ပါတယ်နော်။ ” “အမှားထဲက နောင်တ”တကယ်တော့ လူနှစ်ယောက် ပြဿနာတက် အချင်းများတယ်ဆိုတာက ကိုယ့်ဘက်ကိုပဲ ကိုယ်ကြည့်ပြီး သူ့ဘက်သူ့နေရာကို ဝင်မကြည့်တဲ့ အခါမျိုးတွေမှာ စကားများတတ် ပါတယ်ပြောရမယ်ဆို ကိုယ့်ဘက်က ကြည့် လက်ဖမိုး သူ့ဘက်ကကြည့် လက်ဖဝါး ဆိုသလိုပေါ့ကျွန်မ live sale တွေ စရောင်းစဉ်အခါကပေါ့ ကျွန်မ customer တစ်ဦးနဲ့ စကားလေးအဆင်မပြေဖြစ်ခဲ့ဖူးတယ် (စာရိုက်ပြီးပဲဖြစ်တာပါ)ကျွန်မ အကျင့်က ကိစ္စတစ်ခု ရှိပြီဆို ဒီအလုပ်ကိစ္စကို ပြီးပြတ်အောင်လုပ်ပြီးမှ စားဝင်အိပ်ပျော်တယ် စာကျက်ရင်လည်း တစ်ပုဒ်လုံးရမှ အဲ့လိုမျိုးပေါ့အဲ့တုန်းကလည်း ကျွန်မ က တစ်နေ့ ရောင်းလို့ရသမျှ အော်ဒါတွေ အကုန်ကို တစ်ညထဲနဲ့ အပြီးသတ် စာရင်း လုပ်ချင်တယ် ညစာရင်းလုပ် မနက်ကို အော်ဒါ တင်တာတင် deli အပ်စရာရှိတာအပ်ပေါ့အော်ဒါတွေက အရမ်းများ လူကလည်း စလုပ်ခါစကလည်းဖြစ်တော့ ညတွေ မအိပ် မနက်လင်းအားကြီး ၄ / ၅ နာရီလောက်မှ အိပ် မနက်ဆို နေ့လည် ၁၂ လောက်မှ ထ အဲ့လိုမျိုး လုပ်ခဲ့တာပေါ့တစ်ရက်ကျတော့ customer တစ်ဦးက ကျွန်မဆီက အထည်တွေ အများကြီးအားပေးတယ် သောင်းဂဏန်းရောင်းတဲ့အထည်ကို သိန်းချီဖိုးအားပေးတယ်…..

အဲ့တော့ သူငွေကြိုလွှဲဖို့လိုရော လိုတော့ သူက မနက်စောစော ငွေ လွှဲလိုက်တယ် ထင်ပါတယ် ကျွန်မကို ဖုန်းတွေ ဆက်ပါ လေရော…. မကိုင်မချင်းဆက်တာ …… ကျွန်မ အကျင့်ကလည်း လိုင်းမပိတ်တဲ့အကျင့်(ခုတော့လိုင်းပိတ်အိပ်နေပြီ😄)ဖုန်းကို ခေါင်းနားထားအိပ်တဲ့အကျင့်(ထားတုန်းပဲ ဖုန်းတော့😛)သူက တဂွမ်ဂွမ်ဆက် ကိုယ်က ညက မအိပ် မိုးလင်းမှ အိပ်ရ နဲ့ ဆက်တိုက် ဆက်တိုက် ဆက်ပါများတော့(မနက်၈နာရီလောက်ကနေ ၁၁ နာရီလောက်ထိ) မအိပ်ရတဲ့စိတ်နဲ့ တဒင်္ဂ ဒေါသက စပါလေရော ဖုန်းကိုင်ပြီး ဘယ်သူဒီလောက်ဆက်နေလဲ ကြည့်တော့ ငွေလွှဲထားတာ ဝင်လား စစ်ပေးပါတဲ့ 😩ကျွန်မလည်း လူကပုတော့ စိတ်ကလည်းသိတယ်မလား 😖အမရယ်လို့ ကျွန်မက blue mark ကြီးနဲ့ ရောင်းနေတာပါလို့ အမငွေ ကို ကျွန်မ လိုင်းသုံးတာနဲ့စစ်ပြီး အကြောင်းပြန်ထားမှာပေါ့လို့တစ်ဖက်ကလည်း ကျွန်မကလည်း ကျွန်မငွေလွှဲထားတာလေတဲ့ ဝင်မဝင် သိချင်တယ်တဲ့ စသဖြင့် အနည်းငယ်လောက် စကားလေးတွေ အဆင်မပြေ့တပြေပြောကြတယ် နောက်ဆုံး customer right မို့ ကျွန်မကပဲ စကားလုံးလေးတွေ ချိုတဲ့ဘက်ပြောင်းပြီး ရပ်လိုက်ရတယ်တကယ့်တကယ် ပြန်စဉ်းစားကြည့်တော့ သူမှန်တယ် ။

ကျွန်မ ညမအိပ် ဘဲ အလုပ်လုပ်နေတာ သူမသိဘူး သူ့ကိစ္စလည်းမဟုတ်ဘူး သူ့ကိစ္စက သူ့ငွေ သူတန်ဖိုးထားတဲ့ ငွေကို ဘာပစ္စည်းမှ လက်မခံရသေးဘဲ ကြိုလွှဲရတာ ဝင်ကြောင်း သက်သေ လိုချင်တယ် ဖြစ်သင့်တယ် ကိုယ့်အတွက် ၁ သိန်း ၂ သိန်းက တန်ဖိုးရှိချင်လည်းရှိမယ် ရှိချင်မှလည်းရှိမယ်ဆိုပေမယ့် တစ်ဖက်လူအတွက်တန်ဖိုး အရမ်းရှိနေနိုင်တယ်ဒါကို တစ်ဖက်လူရဲ့နေရာကို မကြည့်ဘဲ ငါညကမအိပ်ရဘူး မနက်မှ အိပ်ရတာကို ဘာလို့ဒီလောက်ဖုန်းဆက်နေတာလဲ မသိဘူးနဲ့ ကိုယ့်အတွက် ကိုယ်ကြည့်ပြီး တဒင်္ဂ စိတ်နဲ့တုံ့ပြန်မိခဲ့တာ ပြန်တွေးကြည့်တော့ ကျွန်မ မှားတယ်နောက်နောင်လည်း အမြဲ သူ့ဖက် ကိုယ့်ဖက် ကြည့်ပြီး တဒင်္ဂ ဒေါသကို မထွက်ဘဲ နေနိုင်အောင် သတိထားရမယ်အဲ့တုန်းက ဖြစ်ခဲ့တဲ့အမ ဘယ်သူလည်းတော့ မမှတ်မိတော့ပေမယ့် အမက ဒီစာလေးဖတ်မိလို့ မှတ်မိရင် ညီမကပဲတောင်းပန်ပါတယ် နော် ☺️☺️☺️Peace နော်အမနောက်စျေးရောင်းလည်း အားပေးနော်ဘာရောင်းရမလဲတော့ မသိသေးဘူး 😂P.S ပုံက မျက်နှာငယ်လေးနဲ့တောင်းပန်နေတာပေါ့ 😔😜” လို့ ရေးထားပါတယ် ပရိသတ်ကြီးရေ…။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။

Credit:Celelucky