နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ က နဲ႔ စစ္ေကာင္စီ က တရားစြဲ ၿပီး ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ေမာ္ဒယ္ ပိုင္တံခြန္ ကို ဒီေန႔ ဧၿပီ ၈ ရက္ မနက္ ငါးနာရီခန႔္က ေျမာက္ဒဂုံ ေနအိမ္မွာဖမ္းဆီးခံလိုက္ရတယ္လို႔ ပိုင္တံခြန္ရဲ့အမ ျဖစ္သူက လူမႈကြန္ရက္မွာ ေရးသား ထားပါတယ္။ စစ္ကား ၈ စီး၊ အင္အား ၅၀ ေက်ာ္နဲ႔ လာေရာက္ဖမ္းဆီး သြားတာျဖစ္ၿပီး ဖမ္းခံရခ်ိန္မွာ ေနမေကာင္းျဖစ္ေနတယ္ လို႔လည္း သူက ေရးသားပါ တယ္။

ပိုင္တံခြန္ဟာ မေန႔ ဧၿပီ ၇ ရက္ ည ၈ နာရီသတင္းမွာ ၅၀၅ က နဲ႔ တရားစြဲခံရတဲ့စာရင္း စစ္ေကာင္စီက ထုတ္ျပန္ရာ မွာ ပါဝင္လာ ခဲ့ၿပီးေနာက္ မၾကာခင္မွာ ဖမ္းဆီးခံရတာျဖစ္ပါတယ္။ဒီမတိုင္ခင္ ဧၿပီ ၆ ရက္ေန႔က သူ႔ရဲ့ ေဖ့စ္ဘြတ္မွာ သူေနထိုင္ မေကာင္းျဖစ္ေနေၾကာင္း ပရိသတ္ေတြ ကို အသိေပ းထားပါတယ္။

ပိုင္တံခြန္ဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီး ကတည္းက အာဏာသိမ္းမႈဆန႔္က်င္ေရး ဆႏၵျပမႈေတြမွာ တက္ႂကြစြာပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။ခုဆို ပုဒ္မ ၅၀၅နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ထင္ရွားေက်ာ္ၾကားသူေတြထဲ လူမင္း၊ ရဲတိုက္၊ ဝင္းမင္းသန္းနဲ႔ပိုင္တံခြန္တို႔ ဖမ္းဆီး ခံ ထားရၿပီး ဇာဂနာကေတာ့ ဘာေၾကာင့္ ဖမ္းဆီးခံရတယ္ဆိုတာကို စစ္ေကာင္စီဘက္က သတင္းမထုတ္ ျပန္ေသးပါဘူး။

Credit…..

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ စစ်ကောင်စီ က တရားစွဲ ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မော်ဒယ် ပိုင်တံခွန် ကို ဒီနေ့ ဧပြီ ၈ ရက် မနက် ငါးနာရီခန့်က မြောက်ဒဂုံ နေအိမ်မှာဖမ်းဆီးခံလိုက်ရတယ်လို့ ပိုင်တံခွန်ရဲ့အမ ဖြစ်သူက လူမှုကွန်ရက်မှာ ရေးသား ထားပါတယ်။ စစ်ကား ၈ စီး၊ အင်အား ၅၀ ကျော်နဲ့ လာရောက်ဖမ်းဆီး သွားတာဖြစ်ပြီး ဖမ်းခံရချိန်မှာ နေမကောင်းဖြစ်နေတယ် လို့လည်း သူက ရေးသားပါ တယ်။

ပိုင်တံခွန်ဟာ မနေ့ ဧပြီ ၇ ရက် ည ၈ နာရီသတင်းမှာ ၅၀၅ က နဲ့ တရားစွဲခံရတဲ့စာရင်း စစ်ကောင်စီက ထုတ်ပြန်ရာ မှာ ပါဝင်လာ ခဲ့ပြီးနောက် မကြာခင်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ဒီမတိုင်ခင် ဧပြီ ၆ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သူနေထိုင် မကောင်းဖြစ်နေကြောင်း ပရိသတ်တွေ ကို အသိပေ းထားပါတယ်။

ပိုင်တံခွန်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ကတည်းက အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ခုဆို ပုဒ်မ ၅၀၅နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထင်ရှားကျော်ကြားသူတွေထဲ လူမင်း၊ ရဲတိုက်၊ ဝင်းမင်းသန်းနဲ့ပိုင်တံခွန်တို့ ဖမ်းဆီး ခံ ထားရပြီး ဇာဂနာကတော့ ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကို စစ်ကောင်စီဘက်က သတင်းမထုတ် ပြန်သေးပါဘူး။

Credit…..