ပရိတ်သတ်ကြီးရေ….ဂီတလောကမှာ အချစ်သီချင်းကောင်းလေးတွေကိုသီဆိုတတ်ပြီး ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာကိုအပြည့်အဝရရျိထားတဲ့ တေးသံရှင်ကတော့ ချယ်ရီသင်းပဲဖြစ်ပါတယ်နော်..။ချယ်ရီသင်းက လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ တရားမျှတတဲ့ ဒီမိုကရေစီပြန်လည်း ရရှိဖို့အတွက် ကြိုးပမ်းနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ချယ်ရီသင်းက နွေဦးတော်လှန်ရေးမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုအတွက် အလှူငွေများကိုလည်း သူမတတ်နိုင်သလောက်ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာကိုလည်း တွေ့ခဲ့ရပါသေးတယ်နော်..။အခုတစ်ခါမှာဆိုရင်လည်း သူမအလှူအတန်းလုပ်နေတာကို ဘေးထိုင်ဘုပြောနေတဲ့သူကို ထိထိမိမိချေပလိုက်တာပဲဖြစ် ပါတယ်နော်။

“နောက်ဆိုအဲ့လိုမတည်ပြီးအလှူခံပေးဖို့အရမ်းစဉ်းစားသွားပါပြီကိုယ်မှန်တာဘုရားသိတယ်ဆိုပေမဲ့ဘုရားဒကာဘေးထိုင်ဘုပြောလူ့ကန့်လန့်တွေကမသိဘူးဖြစ်နေတော့ကျမဘယ်လောက်မှန်မှန်ကျမလည်းဘယ်လိုနေပြီးဘာလုပ်ပေးရမှန်းတကယ်မသိတော့ပါဘူးပထမအဲ့ရပ်ကွက်ကိုမထင်မှတ်ပဲလှူဖြစ်မိရာကနေအဲ့ကတာဝန်ရှိလူကြီးမင်းကပြောပြလို့သူတို့ကျူးအတွက်ရေရဖို့ရာအခက်အခဲဖြစ်နေတယ်ပြောလို့တားနေတဲ့ကြားကကျမ၁သိန်းခွဲမတည်ပြီး အလှူခံခဲ့တာပါ

ဒါတောင် Post တင်အလှူခံတာမဟုတ်ပဲကျမလှူခဲ့တဲ့ Post အောက်မှာပဲ Comment မှာရေးပြီးစေတနာရှိသလောက်ပါဝင်ဖို့ရေးခဲ့တာပါဒီအချိန်အားလုံးခနနားဖို့စိတ်ပူပြီးတားတဲ့ကြားကအဲ့ကျူးရေရဖို့ကိုစိတ်ကမနေနိုင်လို့ကိုလုပ်လိုက်တာပါကျမကသီချင်းဆိုတဲ့ Artist တယောက်ထက်မပိုပါဘူးကျမစိတ်ထဲသဒ္ဒါထက်သန်ပြီးကျမလှူနိုင်ရင်လှူလိုက်တယ်မနိုင်တဲ့အခါပရိတ်သတ်ထဲကရပ်ဝေးရပ်နီးကမိဘပြည်သူတွေနိုင်သလောက်ပါဝင်လှူဒါန်းပေးကြယဒီလောက်ပါပဲပရဟိတအသင်းကြီးထောင်ထားတာလည်းမဟုတ်ပါဘူးအလှူခံပြလှူပြပြီး Attention ယူရအောင်လည်းကျမကဒီနေရာကိုကြုံတဲ့အပေါက်ကဝင်လာတဲ့ သူမဟုတ်ပါဘူး

အလှူငွေနဲ့ပက်သက်ရင်တကျပ်မှမစားမိအောင်နေတယ်အကုသိုလ်အဖြစ်မခံဘူး လှူတဲ့အခါတင်ပြတာလည်း အများနဲ့လုပ်ရပါတယ်အခုအချိန်အလှူဗန်းပြလိမ်စားနေတဲ့လူတွေကြားချယ့်ကိုယုံကြည်ပြီးမှလှူပေးကြတဲ့သူတွေစိတ်လုံခြုံမှုရအောင်တင်ပေးတာပါချယ်လှူတာကြည့်ပြီးလှူချင်တဲ့လူတွေသွားလှူလို့ရအောင်လည်းပါပါတယ်ချယ်အဲ့လိုစာရှည်ကြီးရေးဖြေရှင်းတာကရင့်ကျက်တဲ့အလုပ်မဟုတ်ဘူးလို့ခံယူထားတဲ့မိန်းခလေးပါဒါပေမဲ့တချို့စကားတွေကစေတနာနဲ့မတန်လို့ရေးတာပါ ဒီလောက်ပါပဲစိတ်ထဲကစေတနာပါပါလုပ်ခဲ့လို့စိတ်သန့်သန့်ပဲရှိနေပါတယ် ချယ်ရီ သင်း ” ဆိုပြီးရေးသားလာတာ ပဲဖြစ်ပါတယ်နော်။

Credit