ပရိတ္သတ္ၾကီးေရ…..ခုလိုကာလမွာဆိုရင္ ျပည္သူအမ်ားစုဟာ လုပ္ငန္းတာဝန္မ်ားကို ရပ္နားထားရတာေၾကာင့္ စားဝတ္ေနေရး အခက္အခဲမ်ားစြာကို ရင္ဆိုင္ေနရတာလည္းေတြ႕ရပါတယ္။ဒါ့အျပင္ အပစ္အခတ္ေတြကိုေန႔ေရာညပါၾကဳံေတြေနရတဲ့ တစ္ခ်ိဳ႕ေနရာေတြမွာဆိုရင္ မိမိတို႔ေနအိမ္ေတြကိုပါ စြန႔္ခြာတိမ္းေရွာင္ေနရသလို မီးေဘး အႏၲရာယ္ေတြနဲ႔ ၾကဳံေတြ႕ရၿပီး အိုးအိမ္ပ်က္ဆီး ဆုံးရႈံးရသူေတြလည္း မ်ားစြာရွိေနတာကို စိတ္မေကာင္းစြာေတြ႕ျမင္ရပါတယ္။ ဒီလို အခက္အခဲမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနရတဲ့ မိသားစုေတြကို အႏုပညာရွင္မ်ားက တတ္နိုင္သေလာက္ ကူညီေထာက္ပံ့ကာ လႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတာလည္းျဖစ္ပါတယ္။

ဒီလိုကူညီေထာက္ပံ့မႈေတြျပဳလုပ္ေပးေနၾကတဲ့ထဲမွာ မႉးသခင္ကလည္း အပါအဝင္ပါပဲေနာ္။တတ္နိုင္သေလာက္ လိုအပ္တဲ့ေနရာမ်ားကို သြားေရာက္ကာ စားနပ္ရိကၡာမ်ားကို လႉဒါန္းခဲ့သလို မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔လည္း စုေပါင္းကာ အလႉေငြမ်ား လိုအပ္တဲ့ အသုံးအေဆာင္ပစၥည္းမ်ားကို လႉဒါန္းလ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္း မိတ္ေဆြေတြနဲ႔စုေပါင္းကာ မႏၲေလးက မီးေဘးသင့္ ျပည္သူမ်ားထံကို ကိုယ္တိုင္သြားေရာက္ကာ တစ္အိမ္ေထာင္လၽွင္ ၂ေသာင္းႏႈန္းနဲ႔ အိမ္ေထာင္စု( ၄၀)စာ စုစုေပါင္း၈သိန္းကို လႉဒါန္းျဖစ္ခဲ့ေၾကာင္း ပုံေလးေတြနဲ႔အတူေဖာ္ျပထားတာေတြ႕ရပါတယ္။ပရိသတ္ႀကီးအတြက္ မႉးသခင္ရဲ့ အလႉပုံေလးေတြကို မၽွေဝေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Hmue Thakin

ပရိတ်သတ်ကြီးရေ…..ခုလိုကာလမှာဆိုရင် ပြည်သူအများစုဟာ လုပ်ငန်းတာဝန်များကို ရပ်နားထားရတာကြောင့် စားဝတ်နေရေး အခက်အခဲများစွာကို ရင်ဆိုင်နေရတာလည်းတွေ့ရပါတယ်။ဒါ့အပြင် အပစ်အခတ်တွေကိုနေ့ရောညပါကြုံတွေနေရတဲ့ တစ်ချို့နေရာတွေမှာဆိုရင် မိမိတို့နေအိမ်တွေကိုပါ စွန့်ခွာတိမ်းရှောင်နေရသလို မီးဘေး အန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး အိုးအိမ်ပျက်ဆီး ဆုံးရှုံးရသူတွေလည်း များစွာရှိနေတာကို စိတ်မကောင်းစွာတွေ့မြင်ရပါတယ်။ ဒီလို အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေကို အနုပညာရှင်များက တတ်နိုင်သလောက် ကူညီထောက်ပံ့ကာ လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီလိုကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနေကြတဲ့ထဲမှာ မှူးသခင်ကလည်း အပါအဝင်ပါပဲနော်။တတ်နိုင်သလောက် လိုအပ်တဲ့နေရာများကို သွားရောက်ကာ စားနပ်ရိက္ခာများကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း မိတ်ဆွေတွေနဲ့စုပေါင်းကာ မန္တလေးက မီးဘေးသင့် ပြည်သူများထံကို ကိုယ်တိုင်သွားရောက်ကာ တစ်အိမ်ထောင်လျှင် ၂သောင်းနှုန်းနဲ့ အိမ်ထောင်စု( ၄၀)စာ စုစုပေါင်း၈သိန်းကို လှူဒါန်းဖြစ်ခဲ့ကြောင်း ပုံလေးတွေနဲ့အတူဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် မှူးသခင်ရဲ့ အလှူပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Hmue Thakin