ပည်တွင်းရေးမြငိမ်သက်မှုတွေအပြင် Covid 19 ကူးစက်မြန်လွန်းတဲ့ကပ်ရောဂါတွေကြောင့်အစစအရာရာခက်ခဲကြပ်တည်းနေကြကာလဆိုးကြီးမှာ ပြည်သူတွေကေတာ့အပူသောကတွေနဲ့ ဒုက္ခတွေခါးစည်း ခံနေကြရတာပါ..။သရုပ်ဆောင် မင်းသမီးချော မြတ်သူသူကတော့အခုလို ပြည်သူတွေအများအပြား အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေနေကြရတဲ့ အချိန်မှာ တတ်နိုင်သလောက်လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါ တယ်..။

ပြီးခဲ့တဲ့ရက်တွေကလည်း မြတ်သူသူဟာသူမကိုအကူအညီလာတောင်းကြသူတွေကိုအလှူငွေတွေတတ်နိုင်သလောက် ဖေးမကူညီခဲ့ပေမယ့်လူတိုင်းကို မကူညီနိုင်ခဲ့တာကြောင့်လူတချို့ရဲ့ အပြစ်ပြောဝေဖန်မှုတွေကိုခံနေရပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်နေရပါတယ်..။တစ်ယောက်ကို (၂)သောင်းနှုန်းနဲ့အလှူငွေ (၅)သိန်းကိုခွဲဝေလှူဒါန်းခဲ့ပေမယ့်မရခဲ့တဲ့တချို့လူတွေဟာလိမ်တယ်ဆိုပြီးဆဲဆိုကျိန် စာတိုက်တာတွေကြောင့်စိတ်မကောင်းဖြစ်ရသလိုအကုန်လုံးကို မကူညီနိုင်တဲ့အတွက်ရင်နာရတဲ့အေ ကြာင်းတွေကို ရေးသားပြောပြ လာပါတယ်..။

“မနေ့က အလှူငွေ (၅)သိန်း လှူတာမရလို့ဆိုပြီးကျိန်စာမတိုက်ပါနဲ့ရှင် 😔 ကိုယ့်အပူမှပူတယ်မထင်ကြပါနဲ့ အခုကတနေရာထဲကွက်ဒုက္ခရောက်နေတာ မဟုတ်ပါဘူးတတိုင်းပြည်လုံးဖြစ်နေကြတာပါမြတ်သူထက်ပိုချမ်းသာတဲ့သူတွေတောင်လူတိုင်းစေ့အောင်လုပ်နိုင်ဖို့ မလွယ်ကူတဲ့အခြေအနေပါ မနေ့ကပေးမယ်ပြောပြီး မပေးပဲလိမ်တယ်ဆိုပြီး ပို့ကြတာလည်း စိတ်မကောင်းပါဘူးတကယ်လှူခဲ့တာ မယုံရင်ဝင်ကြည့်ကြပါ

မြတ်သူနိုင်တဲ့အားလေးနဲ့ အကုန်လုံးတော့ မြတ်သူလည်းမလှူနိုင်သေးပါဘူးအလှူခံပြီးပြန်လှူတဲ့သူမဟုတ်တော့ကိုယ့်ထဲရှိတဲ့ထဲကပဲနိုင်သလောက်လှူရတာပါ အနုပညာအလုပ်မလုပ်ရတာတနှစ်ခွဲကျော်ပါပြီမနေ့ကဆိုလည်း ခေါင်းတွေတအား ကိုက်ရင်းစာတွေမနည်းလိုက်ဖတ်နေရတာပါ ကိုယ်နိုင်တာထက် ပိုလှူချင်လို့လည်း ရင်တွေနာရပါတယ်ားကိုးတကြီးနဲ့အဆင်မပြေတဲ့သူတွေအများကြီးလာအလှူခံကြတာတကယ်ရင်တွေနာရစိတ်တွေမေကာင်းဖြစ်ရပါတယ်အခုချိန်မှာ ပြောနိုင်တာက မြတ်သူ လက်ထဲရှိတာနဲ့ ထပ် လှူပေးပါမယ်ရှင် ကျိန်စာတော့ မတိုက်ကြပါနဲ့ 🙏🙏🙏အခု ထက်ပို ဘာသာ သာသနာအ ကျိုးသယ် ပိုးနိုင်တဲ့ တန်ဖိုးရှိသူ တယောက်ြ ဖစ်ပါရစေ 🙏🙏🙏.. ” ဆိုပြီး စိတ်မကောင်းစွာ ရေးသား ထားသလို

“edit- အရင်က ကိုယ့်ဝန်းကျင်ကလူေ တွပဲ လိုင်းပေါ်မတင်ပဲ လှူပါတယ် လစဉ်တာဝန်ယူထားရတာတွေလည်းရှိပါတယ်သိတဲ့သူတွေပဲရနေလို့ အခုကမသိတဲ့သူတွေပါ ခက်ခဲနေရင် ရအောင်လှူပေးလို က်တဲ့သဘောပါ..” ဆိုပြီးတော့လည်းသူမရဲ့အလှူလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။အခုလို ခက်ခဲလွန်းတဲ့ အချိန်ကာ လကြီးမှာ အကူအညီလို အပ်နေသူေ တွအတွက် တတ် နိုင်သလောက် လှူဒါန်းနေတဲ့အ လှူရှင်တွေကို ချီးကျူးသာဓုခေါ် ရသလို အလှူခံပုဂ္ဂိုလ်တွေဘ က်ကလည်း တချို့သောအင်မြေ ပမှုလေးေ တွကို နားလည်ပေးကြဖို့ လည်း မေတ္တာရပ်ခံတို က်တွန်းလို က်ပါ တယ်နော်..။

Credit