ပရိတ်သတ်ကြီးရေ…ပြည်သူချစ်နိုင်ငံကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ ရေဗက္ကာဝင်းဟာဆိုရင် အချစ်သီချင်းကောင်းလေးတွေကို အသံချိုချိုလေးနဲ့ဆွဲဆောင်မှုရှိရှိသီဆိုတတ်တဲ့ တေးသံရှင်တစ်ဦးပဲဖြစ်ပါတယ်နော်..။ရေဗက္ကာဝင်းဟာဆိုရင် အချစ်သီချင်းကောင်းလေးတွေကို ပရိတ်သတ်တွေရင်ထဲရောက်အောင် သီဆိုနိုင်တဲ့အတွက် ယနေ့အချိန်ထိ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ရေဗက္ကာဝင်းက ပြည်သူလူထုနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ပေးနေတာပဲဖြစ်ပါတယ်နော်။
ရေဗက္ကာဝင်းက ယခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို သူမတတ်နိုင်တဲ့ဘက်ကနေ ကိုယ်တိုင်ချက်ပြုတ်ပြီးလှူဒါန်းနေတာကိုလည်း ပရိတ်သတ်တွေအမြင်ပါပဲနော်။စိတ်ထားဖြူစင်လွန်းပြီး ကိုယ်ချင်းစာတရားအပြည့်ရှိတဲ့ ရေဗက္ကာဝင်းကို ပရိတ်သတ်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုပြီးချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ်။
ပရိတ်သတ်တွေက သူမကို အရာရာပြည့်စုံပြီး အောင်မြင်မှုတွေကို အပြည့်အဝပိုင်ဆိုင်ထားပြီလို့ထင်ထားပေမယ့် သူမကိုယ်တိုင်က အခုအသက် (၃၅)နှစ်အရွယ်ထိ ဘာတစ်ခုမှအောင်မြင်အောင်မလုပ်နိုင်လို့ စိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်နော်။ဒီကိစ္စနဲ့ပတ်သက်ပြီးရေဗက္ကဝင်းက သူမရဲ့ခံစားချက်ကို အခုလိုပဲရင်ဖွင့်ခဲ့ပါသေးတယ် ပရိတ်သတ်ကြီးရေ…။
အဲ့ဒါကတော့ ” ဘဝမှာနောင်တအရဆုံးအဖြစ်အပျက်ကတော့ အသက်(၃၅)နှစ်အရွယ်ထိ ဘာတစ်ခုမှအောင်မြင်ဖြစ်မြောက်အောင်မလုပ်နိုင်သေးတာပဲ ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိတ်သတ်ကိုရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်….။
Source; Rebecca Win ‘s Facebook acc
Credit; Celebrity Platforms