



ဆရာဝန်တစ်ယောက်ဖြစ် သလို အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ သူမရဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတဲ့ သီချင်းတွေကြောင့် ပရိသတ်တွေကြားမှာ ဆယ်စုနှစ်တိုင် အောင်မြင်နေသူတစ်ယောက် ဖြစ်ပါတယ်။ ဖြူဖြူကျော် သိန်းကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖြူဖြူကျော်သိန်းရဲ့ သီချင်းဟောင်းတွေရော သီချင်းသစ်တွေကိုပါ စွဲစွဲမြဲမြဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။

ပရိသတ်တွေကို အမြဲတမ်းလိုလို စိတ်ဝင်စားအောင် ဖန်တီးလေ့ရှိတဲ့ ဖြူဖြူကျော်သိန်းက ဒီကနေ့မှာလည်း လက်ထပ် လက်စွပ်လေးနဲ့ ပရိသတ်တွေကို အာရုံစိုက်စေခဲ့ပြန်ပါပြီ။ ဖြူဖြူကျော်သိန်းက “ဘဝ မှာ surprise ဆိုလို့ အခက်အခဲတွေပဲရှိခဲ့ဖူးတာ…. Thank you မောင် 💞. တကယ်ကိုအချစ်ရှိတယ်နော်💕” ဆိုပြီး လက်ထပ်လက်စွပ်လေးနဲ့ ပုံရိပ်ကို ပရိသတ်တွေ ဆီ ချပြလာခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ ဘဝမှာ Surprise ဆိုတဲ့အရာကို မောင့်ဆီက ရရှိခဲ့ပြီဖြစ်ကြောင်း လက်ထပ်လက်စွပ်လေးနဲ့တကွ ပြောပြ လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဖြူဖြူကျော်သိန်းတစ်ယောက် တကယ်ပဲ လက်ထပ်ခွင့်တောင်းခံခဲ့ရပြီလားဆိုတာ စိတ်ဝင်စားနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်။

Source: Phyu Phyu Kyaw Thein’s fb
Credit – Cele Connections