


Credit…..

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…..သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ အနုပညာလောကတွင် အောင်မြင်ကျော်ကြား နေရုံတင်မကဘဲ ပရဟိတလောကမှာလည်း နာမည်ဂုဏ်သတင်းကျော်ဇောနေသူ တစ်ဦး ဖြစ်ပါတယ်။ အနုပညာလောကမှ အခက်အခဲများစွာရင်ဆိုင်နေကြတဲ့ စီနီယာညီအစ်ကိုမောင်နှမများ ကိုလည်း အမြဲကူညီပေးနေသူ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လတ်တလော ရခိုင်ပြည်နယ်ကို ရောက်ရှိနေပြီး အလှူအတန်းတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပရိသတ်တွေကိုလည်း သာဓု ခေါ်ဆိုနိုင်အောင် အလှူပုံရိပ်တွေကို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ လိုအပ်တဲ့ နေရာတိုင်းကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေရဲ့ စိတ်ထားကိုတော့ ပရိသတ်တွေအကုန်လုံးက လေးစား အားကျနေကြတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် နှစ်စဉ်ပြုလုပ်နေကြဖြစ်သော အဓိဌာန်ခရီးစဉ်ပြီးမြောက်အောင်မြင်ခဲ့တဲ့အတွက် ကြည်နူးပီတိဖြစ်နေတဲ့ အကြောင်းကို ဝေမျှလာတာ ဖြစ်ပါတယ်။

သူမကလည်း ” ရခိုင်ပြည်နယ်ရှိ ရွှေအံတော်၊ ရွှေနံတော်၊ရွှေဆံတော် ဘုရားသုံးဆူအား ဖူးမျှော်ကြည်ညိုခဲ့ပါတယ်ရှင်..တစ်နှစ်တစ်ခါ အဓိဌာန် ခရီးစဉ်လေး ပြီးမြောက်အောင်မြင်ခဲ့ပြီး ဒီ့ထက်မက သာသနာအကျိုး သယ်ပိုးနိုင်ရပါစေလို့ တောင်းမြဲ ဆုသာ တောင်းခဲ့ပါတယ်..မြန်မာပြည်ကြီး ငြိမ်းချမ်း ပြီး ခုနှစ်ရက် သားသမီး အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာနိုင်ကြပါစေရှင်.🙏🙏🙏” ဆိုပြီး သူမရဲ့ ဆုတောင်းတာကိုပါ ရေးသားထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်အောင် ခိုင်နှင်းဝေရဲ့ သတင်းကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khine Hnin Wai’s Facebook Page
Credit…..