သ႐ုပ္ေဆာင္ စည္သူဝင္းကေတာ့ MRTV4 ႐ုပ္သံဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း လူသိမ်ားလာခဲ့တဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။သူကေတာ့ “Double Dating” ပ႐ိုဂရမ္မွာပါဝင္႐ိုက္ကူးခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈကိုမ်ားစြာရရွိခဲ့ပါတယ္။စည္သူဝင္းကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွ ျပည္သူေတြရဲ႕ဆႏၵနဲ႔ထပ္တူက်ၿပီး တစ္သားတည္းရပ္တည္ေပးေနတဲ့ အႏုပညာရွင္ေတြထဲမွာ တစ္ေယာက္အပါအဝင္ပဲ ျဖစ္ပါတယ္ေနာ္။

စည္သူဝင္းကေတာ့ ေဖေဖာ္ဝါရီလကတည္းက လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြ ပါဝင္ၿပီး အားသြန္ခြန္စိုက္ႀကိဳးစားေနသူတစ္ဦးျဖစ္ပါတယ္။စည္သူဝင္းကေတာ့ ၿပီးခဲ့တဲ့မတ္လ (၃)ရက္ေန႔က မႏၲေလးမွာက်ဆုံးသြားတဲ့ အသက္ (၁၉)ႏွစ္အ႐ြယ္ သူရဲေကာင္းမေလးက သူတို႔ “Double Dating” အဖြဲ႕ရဲ႕Fan ျဖစ္ေနၿပီး ကြယ္လြန္သူညီမေလးတင္ထားခဲ့တဲ့ စာေလးေတြကိုျပန္ဖတ္ရင္း အရမ္းကို စိတ္မေကာင္းျဖစ္ေနတာပဲျဖစ္ပါတယ္။

ဒါေၾကာင့္ စည္သူဝင္းက သူတို႔ရဲ႕ပရိသတ္ျဖစ္ခဲ့တဲ့ သူရဲေကာင္းမေလးအတြက္ “ညီမေလးရယ္ ရင္က်ိဳးပါၿပီ😭 Aung Min Khant ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၿပိဳင္စားတာေလးၾကည့္ၿပီးသူဗိုက္ဆာေနက်တဲ့😭 ၿပီးေတာ့ DD ရဲ႕ ပရိသတ္တစ္ေယာက္ပဲ အခုေတာ့သူမရွိေတာ့ဘူး ပရိသတ္တစ္ေယာက္ဆုံးရႈံးရသလို ညီမေလးတစ္ေယာက္ဆုံးရႈံးရသလိုပါပဲ 😭ေကာင္းရာမြန္ရာေရာက္ပါေစ သူရဲေကာင္းမေလးေရ🙏စိတ္ထဲအၿမဲေလးစားေနမွာပါ🙏” ဆိုၿပီး သူ႔ရဲ႕ Facebook Account မွာတင္ထားတာ ျဖစ္ပါတယ္ ။ ေကာင္းရာသုဂတိလားပါေစလို႔ ဆုေတာင္းေပးပါတယ္ ညီမေလးေရ။”ဆိုၿပီး ဆုေတာင္းေပးထားတာေတြ႕ရပါတယ္။ပရိသတ္ႀကီးအတြက္ စည္သူဝင္းကိုယ္တိုင္မွ်ေဝထားတဲ့ သူရဲေကာင္းမေလးၾကယ္စင္ရဲ႕စာေလးကိုလည္း ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

Source-Si Thu Win
Crd…..

သရုပ်ဆောင် စည်သူဝင်းကတော့ MRTV4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း လူသိများလာခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။သူကတော့ “Double Dating” ပရိုဂရမ်မှာပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုများစွာရရှိခဲ့ပါတယ်။စည်သူဝင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှ ပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တူကျပြီး တစ်သားတည်းရပ်တည်ပေးနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်နော်။

စည်သူဝင်းကတော့ ဖေဖော်ဝါရီလကတည်းက လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ပြီး အားသွန်ခွန်စိုက်ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။စည်သူဝင်းကတော့ ပြီးခဲ့တဲ့မတ်လ (၃)ရက်နေ့က မန္တလေးမှာကျဆုံးသွားတဲ့ အသက် (၁၉)နှစ်အရွယ် သူရဲကောင်းမလေးက သူတို့ “Double Dating” အဖွဲ့ရဲ့Fan ဖြစ်နေပြီး ကွယ်လွန်သူညီမလေးတင်ထားခဲ့တဲ့ စာလေးတွေကိုပြန်ဖတ်ရင်း အရမ်းကို စိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်။

ဒါကြောင့် စည်သူဝင်းက သူတို့ရဲ့ပရိသတ်ဖြစ်ခဲ့တဲ့ သူရဲကောင်းမလေးအတွက် “ညီမလေးရယ် ရင်ကျိုးပါပြီ😭 Aung Min Khant ကျွန်တော်တို့နှစ်ယောက်ပြိုင်စားတာလေးကြည့်ပြီးသူဗိုက်ဆာနေကျတဲ့😭 ပြီးတော့ DD ရဲ့ ပရိသတ်တစ်ယောက်ပဲ အခုတော့သူမရှိတော့ဘူး ပရိသတ်တစ်ယောက်ဆုံးရှုံးရသလို ညီမလေးတစ်ယောက်ဆုံးရှုံးရသလိုပါပဲ 😭ကောင်းရာမွန်ရာရောက်ပါစေ သူရဲကောင်းမလေးရေ🙏စိတ်ထဲအမြဲလေးစားနေမှာပါ🙏” ဆိုပြီး သူ့ရဲ့ Facebook Account မှာတင်ထားတာ ဖြစ်ပါတယ် ။ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးပါတယ် ညီမလေးရေ။”ဆိုပြီး ဆုတောင်းပေးထားတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် စည်သူဝင်းကိုယ်တိုင်မျှဝေထားတဲ့ သူရဲကောင်းမလေးကြယ်စင်ရဲ့စာလေးကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

Source-Si Thu Win
Crd…..

Leave a Comment

Your email address will not be published. Required fields are marked *