


Photo – Lin Aung Khit
Credit– Cele Zone

ပရိတ်သတ်ကြီးရေ….ခုဆိုရင် မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာ အခုချိန်ထိ အသက်ဝင်ကာအင်အားကောင်းနေဆဲပါပဲ။နေရာတိုင်းမှာလည်း ပြင်းပြင်းထန်ထန် ဖြိုခွင်းခံရမှုတွေလည်း ရှိနေရာ ဒဏ်ရာရပြည်သူတွေအပြင် အသက်ဆုံးရှုံးရသူတွေလည်း ပေါ်ထွက် လာခဲ့တာ တကယ်ကို နှ မျောတသ ဝမ်းနည်းစရာပါပဲ။

ဒါ့ကြောင့် ခုဆိုရင်ပြည်သူတွေကအရင်ကထက်ပိုမိုစနစ်ကျစွာ လှုပ်ရှားရင်း တစ်ဦးကိုတစ်ဦး အပြန်အလှန်ကူညီစောင့်ရှောက်နေကြတာလည်းဖြစ်ပါတယ်။အနုပညာရှင်တွေဆိုရင်လည်း ကွယ်လွန်သွားကြတဲ့ သူရဲကောင်းတွေကို အလှူငွေတွေလှူဒါန်းပေးကာ ကျန်ရစ်သူမိသားစုတွေကိုလည်း အားပေးနှစ်သိမ့်ခဲ့တာတွေပြုလုပ် ခဲ့တာလည်းလေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း လင်းအောင်ခေတ်တစ်ယောက် တော်လှန်ရေးတိုက်ပွဲကြီးမှာကြွေလွင့်သွားရတဲ့ သူရဲကောင်းတွေကိုယ်စီကို အလှူငွေမျ ားကိုယ်တိုင်သွားရောက်ကာလှူဒါန်းရင်း ပုံလေးတွေနဲ့အတူ ” တိုင်းပြည်အတွက် အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေ အတွက် ကျွန်တော်တို့ ဘက် က ကျန်ခဲ့ တဲ့ မိသားစုတွေ ကို ကူညီစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်..သွားရောက် လှူဒါန်းချင်တဲ့ လူတွေ အတွက် လဲ ပုံ အောက် မှာ လိပ်စာ ဖုန်း နံပါတ် ရေးပေးထားပါတယ်..” ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Photo – Lin Aung Khit
Credit– Cele Zone

Leave a Comment

Your email address will not be published. Required fields are marked *