



Credit…..

ပရိသတ်ကြီးရေ.. Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အခိုင်အမာအောင်မြင်မှုတွေကို ရရှိထားပြီး အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေသူကတော့ အဆိုတော်ငွေဇင်လှိုင်းပဲ ဖြစ် ပါတယ်..။ပရိသတ်တွေအသိအမှတ်ပြုလက်ခံအားပေးနေကြတဲ့ ငွေဇင်လှိုင်းကတော့ လတ်တလောမှာ ပြည်သူတွေအားလုံးစည်းစည်းလုံးလုံးနဲ့ ပြုလုပ်နေကြတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်လုပ်ဆောင်နေတဲ့ သူမကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ရင်း စိတ်မကောင်းစရာအကြောင်းလေးတွေကို ပြန်လည်ပြောပြလာပါတယ်..။တော်လှန်ရေးကြီးမှာပါဝင်ရင်း အသက်ပေးကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေရဲ့ နာရေးအတွက် အလှူငွေတွေသွားရောက်လှူဒါန်းကာ ကျန်ရစ်သူမိသားစုရဲ့ငိုကြွေးသံတွေကို ဝမ်းနည်းစွာပြန်လည်ပြောပြလာတာပဲ ဖြစ်ပါ တယ်..။

“မြစ်ကြီးနားမှ အသက်ပေးသွားတဲ့ မောင်လေး မျိုးဒန်အောင်ရဲ့ ကျန်ရစ်သူမိသားစု အတွက်နာရေး အကူငွေ ၃ သိန်းကျပ်အစ္စလာမ် ဘာသာဝင်ဆရာကြီးအား ကျန်ရစ်သူမိသားစုမှ အကူငွေ လက်မခံလို့ ကလေးတွေရှေ့ကနေ ကာကွယ်ပေးတဲ့ မာသာ ကြီးကို အစားလှူလိုက်ပါတယ် ..🙏မောင်လေး လင်းထက်အတွက် နာရေး အကူငွေ ၃ သိန်းကျပ် …

သွားပေးတော့ ငိုလိုက်တာ ….. သေဆုံးပြီးသားတောင် အလောင်းပြန်မရတဲ့ သားသမီးအတွက် မိခင်တစ်ယောက်ရဲ့ ခံစားမှုတွေ 😢😢😢…..သူ့သားလေး ပြန်ရှင်လာရင် ဘယ်လိုလုပ်မလဲတဲ့ ….” ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာဖြစ်ပြီး ပရိသတ်တွေကလည်း ကွယ်လွန်သွားကြတဲ့သူရဲကောင်းတွေအတွက် ယူကြုံးအရဝမ်းနည်းရတဲ့အကြောင်းလေးတွေကို ရေးသားထားကြတာလည်း တွေ့ရပါတယ်..။

Credit…..