ခုဆိုရင္ျမန္မာနိုင္ငံအတြင္းမွာျဖစ္ေပၚေနတဲ့ ဆႏၵေဖာ္ထုတ္ပြဲႀကီးဟာ အင္အားေကာင္းလာသလို အပစ္အခက္ေတြၾကားထဲမွာ တိုက္ပြဲဝင္ရင္းေႂကြလြင့္ခဲ့ရသူေတြလည္း တစ္ဆတစ္ဆမ်ားလာခဲ့တာလည္း စိတ္မေကာင္းစြာေတြ႕ျမင္ရပါတယ္။ေၾကြလြင့္သြားတဲ့ သူရဲေကာင္းေတြကိုလည္း ျပည္သူလူထုအပါအဝင္ အႏုပညာရွင္မ်ားစြာကလည္း က်န္ရစ္သူမိသားစုေတြထံကို ကိုယ္တိုင္သြားေရာက္ကာ ႏွစ္သိမ့္ေပးေနၾကသလို တတ္နိုင္သေလာက္ကူညီမႈေတြျပဳေနၾကတာလည္းျဖစ္ပါတယ္။

အခုလည္း ထြန္းကိုကိုဟာ က်ဆုံးသြားတဲ့ သူရဲေကာင္း ဇင္လင္းထက္ရဲ့ေနာက္ဆုံးခရီးေလးကို ကိုယ္တိုင္သြားေရာက္ကာ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္းပုံေလးေတြနဲ႔တကြ” ညီအစ္ကို သုံးေယာက္မွာ အငယ္ဆုံးအစ္ကိုေတြက မွတ္ခ်က္ေပးတယ္ .. အလိမၼာဆုံးတဲ့.. မိဘကို လုပ္ေကၽြးျပဳစုေနတဲ့ ညီေလး…၂၈-၂-၂၀၂၁ လွည္းတန္းမွာ ေခါင္းကို ေသနတ္နဲ႔ပစ္ခံလိုက္ရၿပီး မ်က္လုံးထြက္သြားတဲ့ က်ိဳက္ထိုသား ဇင္လင္းထက္ အသက္ ၂၀ ႏွစ္ ရဲ့ အိမ္အျပန္ခရီးဟာ ဝမ္းနည္းစို႔နစ္ဖြယ္ရာ ျမင္ကြင္းမ်ားနဲ႔ၾကဳံခဲ့ရတယ္ … စြန႔္လႊတ္စြန႔္စား က်ိဳက္ထိုသား တဲ့ .. က်ဆုံးသြားတဲ့ အာဇာနည္ ..က်ိဳက္ထိုသားကြ က်ိဳက္ထိုသား .. တဲ့ …ညီေလးေရ ေခါင္းကို မွန္ေအာင္ပစ္တဲ့ေကာင္က ျပည္သူ႔ခ်ဥ္ဖတ္ ျဖစ္သြားရတယ္ ..လက္နက္အားကိုးၿပီး အနိုင္က်င့္ျခင္းခံခဲ့ရတဲ့ ညီေလးက က်ိဳက္ထိုၿမိဳ႕ရဲ့ အာဇာနည္ သူရဲေကာင္းအျဖစ္ မွတ္ေက်ာက္တင္ခံခဲ့ရပါၿပီ ..ေကာင္းရာမြန္ရာ ဘုံဘဝကို ေရာက္ရွိပါေစ ညီေလးေရ”ဆိုတဲ့စာေလးကိုေဖာ္ျပထားရာ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit– Cele Zone
Photo – Yapaing Tunko

ခုဆိုရင်မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ ဆန္ဒဖော်ထုတ်ပွဲကြီးဟာ အင်အားကောင်းလာသလို အပစ်အခက်တွေကြားထဲမှာ တိုက်ပွဲဝင်ရင်းကြွေလွင့်ခဲ့ရသူတွေလည်း တစ်ဆတစ်ဆများလာခဲ့တာလည်း စိတ်မကောင်းစွာတွေ့မြင်ရပါတယ်။ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူလူထုအပါအဝင် အနုပညာရှင်များစွာကလည်း ကျန်ရစ်သူမိသားစုတွေထံကို ကိုယ်တိုင်သွားရောက်ကာ နှစ်သိမ့်ပေးနေကြသလို တတ်နိုင်သလောက်ကူညီမှုတွေပြုနေကြတာလည်းဖြစ်ပါတယ်။

အခုလည်း ထွန်းကိုကိုဟာ ကျဆုံးသွားတဲ့ သူရဲကောင်း ဇင်လင်းထက်ရဲ့နောက်ဆုံးခရီးလေးကို ကိုယ်တိုင်သွားရောက်ကာ ပို့ဆောင်ကူညီပေးခဲ့ကြောင်းပုံလေးတွေနဲ့တကွ” ညီအစ်ကို သုံးယောက်မှာ အငယ်ဆုံးအစ်ကိုတွေက မှတ်ချက်ပေးတယ် .. အလိမ္မာဆုံးတဲ့.. မိဘကို လုပ်ကျွေးပြုစုနေတဲ့ ညီလေး…၂၈-၂-၂၀၂၁ လှည်းတန်းမှာ ခေါင်းကို သေနတ်နဲ့ပစ်ခံလိုက်ရပြီး မျက်လုံးထွက်သွားတဲ့ ကျိုက်ထိုသား ဇင်လင်းထက် အသက် ၂၀ နှစ် ရဲ့ အိမ်အပြန်ခရီးဟာ ဝမ်းနည်းစို့နစ်ဖွယ်ရာ မြင်ကွင်းများနဲ့ကြုံခဲ့ရတယ် … စွန့်လွှတ်စွန့်စား ကျိုက်ထိုသား တဲ့ .. ကျဆုံးသွားတဲ့ အာဇာနည် ..ကျိုက်ထိုသားကွ ကျိုက်ထိုသား .. တဲ့ …ညီလေးရေ ခေါင်းကို မှန်အောင်ပစ်တဲ့ကောင်က ပြည်သူ့ချဉ်ဖတ် ဖြစ်သွားရတယ် ..လက်နက်အားကိုးပြီး အနိုင်ကျင့်ခြင်းခံခဲ့ရတဲ့ ညီလေးက ကျိုက်ထိုမြို့ရဲ့ အာဇာနည် သူရဲကောင်းအဖြစ် မှတ်ကျောက်တင်ခံခဲ့ရပါပြီ ..ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိပါစေ ညီလေးရေ”ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Yapaing Tunko