


Credit ; Swelsone News

အနုပညာလောကမှာ အားလုံးရဲ့အသိ အမှတ်ပြုချစ်ခင်အားပေးခြင်းခံနေရတဲ့ နှုတ်ခမ်းနီမလေးတွေရဲအသည်းကျော်ဇေရဲထက်ကို ပရိသတ်ကြီးလည်းသိပြီးသားပါနော်။ သူဟာ အချစ် အမုန်း အလွမ်း ဘယ်လိုဇာတ်ရုပ်ပဲလာလာပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ လူငယ် အနုပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဗီဒီယိုဇာတ်ကားအများအပြားကို ရိုက်ကူးအောင်မြင်ခဲ့တဲ့မင်းသား တစ်ယောက်လည်းဖြစ်ပြီးတော့ လက်ရှိမှာလည်း ကြော်ငြာတွေ ဖျော်ဖြေရေးတွေနဲ့ မအားမလပ်ရအောင် ရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးတော့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်နဲ့တည်ကြည်တဲ့ မျက်နှာပိုင်ရှင်လည်းဖြစ်တဲ့အတွက် မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကျော်လေးဆိုလည်း မမှားပါဘူးနော်။

သူရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရအောင် ဖေ့ဘွတ်စာမျက်ပေါ်တွင်ဖော်ပြပေးလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း ခပ်မိုက်မိုက် အထာလေးတွေမျိုးစုံပေးကာ မိမိုက်လွန်းနေတဲ့ပုံရိပ်လေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေကို ကြွေစေခဲ့ပါတယ် ။ ပရိသတ်ကြီး ဇေရဲထက်ရဲ့ အမိုက်စား ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေး လိုက်ပါတယ်။

Credit ; Swelsone News