


Credit – Cele Zone
Photo – Paing Takhon

မင်းသားချောလေးပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီးစတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။ဒါ့အပြင်သူရဲ့ များပြားလှတဲ့ Follower တွေကိုအသုံးချကာမြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကိုလည်း ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း တံခွန်ဟာ မျိုးစုံခြိမ်းခြောက်ခံရမှုတွေရှိနေတာကြောင့် မိသားစုနဲ့ခွဲခွာကာ ရှောင်နေရတာလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း နောက်မဆုတ်ဘဲဒီနေ့ဒီချိန်ထိ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။အခုလည်း သူရဲ့ဘဏ်အကောင့်ထဲမှာ ငွေသား သိန်း (၇)သောင်းရှိကြောင်း ဝေဖန်မှုတွေထွက်လာတာနဲ့ပတ်သက်ပြီးခုလို ပညာသားပါပါ ရေးသားကာသူရဲ့အကောင့်လေးမှာ ပြန်လည်ဖြေရှင်းခဲ့တာတွေ့ရပါတယ်။

“ကျ​နော့် ဘဏ်ထဲ မှာ အရင်ကဖြစ်ဖြစ် အခုဖြစ်ဖြစ် သိန်း ၇ သောင်း တကယ်ရှိရင် တပြား တချပ်မကျန် မရှိတဲ့ လူတွေကို လှူပါမယ်တကယ်လို့ ဘဏ်ထဲမှာ သိန်းတရာတောင်မရှိရင် သိန်း ၇ သောင်း ရှိပါတယ်ဆိုပြီး ကြေငြာထားတဲ့ သူတောင်းစားက ဘဏ်ထဲ သိန်း ၇ သောင်း ပြန်ဖြည့်ပေးရပါမယ်” ဆိုတဲ့စာလေးကိုရေးသားပြန်ရှင်းထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Paing Takhon