


Source: Ah Boy ‘s fb

အဆိုတော် Ah Boy ကတော့ အမိုက်စား Rap သီချင်းတွေကို သီဆိုသူ တစ်ယောက်ဖြစ်ပြီး ဂီတအနုပညာအလုပ်နဲ့ အချိန်အတော်ကြာအဆက်အသွယ်ပြတ်တောက်သွားခဲ့ တာဖြစ်ပါတယ်။ (၂၀၂၀) ခုနှစ်မှ သီချင်းတွေပြန်လည်သီဆိုလာတဲ့ Ah Boy က အခုလက်ရှိ မှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာအလုပ်အားလုံးကို ရပ်နားထားပြီး မိသားစုကိုသာ အချိန်ပေးဖြစ်နေတာပဲဖြစ်ပါ တယ်။

သမီးသုံးယောက်နဲ့ သားတစ်ယောက် ကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ Ah Boy က သူ့ရဲ့သားသမီး အားလုံးကို ညီတူမျှတူချစ်ပေးရင်း အိမ်ထောင်ဦးစီးကောင် းတစ်ယောက်အဖြစ် ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Ah Boy က သူ့ရဲ့အချစ်ဆုံး သားသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ သမီးလတ်လေး ဆုပြည့်ဖြိုးထွန်းရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်အချို့ကိုကြည့်ပြီး သူ့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ရတနာထဲက တစ်ခုဖြစ်ကြောင်း ပြောလာပါ တယ်။

Ah Boy ကတော့ သမီးတွေ၊ သားတွေထဲက အချစ်ဆုံး ဆိုတာရယ်မရှိပဲ အားလုံးကို ညီတူမျှတူနဲ့ တန်ဖိုးထားပြီး ချစ်တဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Ah Boy ရဲ့ သမီးအလတ်လေး ဆုပြည့်ဖြိုးထွန်းကိုကြည့်ပြီး အချစ်ပိုနေကြမယ်လို့ ထင် ပါတယ်။

Source: Ah Boy ‘s fb
Credit:Myanmar Celebrities

Leave a Comment

Your email address will not be published. Required fields are marked *