သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကေတာ့ ေဖေဖာ္ဝါရီလမွ စတင္ၿပီး လူထုလႈ ပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပူးေပါင္းပါဝင္ေနတာလည္း ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵအမွန္တရားေတြကို ထုတ္ေဖာ္ျပသေနတာေၾကာင့္ ပရိသတ္ေတြကပါ အားက် အတုယူ ေနၾကရတာပါ။ လတ္တေလာ အေျခအေနေတြေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္လည္း သူ႔ရဲ့ လူမႈကြန္ယက္မွေနၿပီး သတင္း အခ်က္အလက္ေတြကို ေဝမၽွေပးေနတာပါ။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း မင္းေမာ္ကြန္း ရဲ့ Facebook အေကာင့္တြင္ သူေတာင္ မလုပ္ရဲတဲ့ ကိစၥေတြကို သတၱိရွိရွိပါဝင္ ေနၾကတဲ့ ၿမိဳ႕နယ္တစ္ခ်ိဳ႕က ျပည္သူေတြအား ေလးစားဂုဏ္ယူေနေၾကာင္းကို ေရးသားေဝမၽွေပးထားတာပါ။ အခု လက္ရွိမွာလည္း အမွန္တရားဘက္က ရပ္တည္တဲ့သူမွန္သမၽွ တတ္နိုင္တဲ့ ဘက္ကေန လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ ေနၾကတာဟာလည္း ဝမ္းသာစရာပါပဲေနာ္။

သူကလည္း ” ေျမႇာက္ေပးတယ္ ေျပာလည္းမတတ္နိုင္ဂ႐ုလည္းမစိုက္ ကိုယ္ေတာင္ မလုပ္ရဲတဲ့တစ္ခ်ိဳ႕ကိစၥေတြ ကိုေတာ့ ေလးစားေၾကာင္းဂုဏ္ယူေၾကာင္းေလာက္ ကိုခ်ီးက်ဴးပါရေစ ဂုဏ္ျပဳပါရေစေတာင္ဒဂုံဒီမတိုင္ခင္စၿပီးအဖိခံရကတည္းကအနီေရာင္အဆင့္ေတာင္ မကေအာင္ေျခမုန္းခဲ့သမၽွ ခုထိအက်အဆုံးမ်ားစြာနဲ႔ႀကံ့ႀကံ့ခံေတာ္လွန္ေနတာဂုဏ္ယူေၾကာင္းေျပာပါရေစ လွိုင္ လူညီတယ္ ဘယ္လိုဖိဖိ တစ္ခုမဟုတ္တစ္ခုကေတာ့ ထူးျခားေစရမယ္အေတြးအေခၚလည္းေကာင္းတယ္

ေလးစားပါရေစမုံရြာႀကိဳက္လိုက္တာဗ်ာ အရွိန္အဟုန္နဲ႔ခြန္နဲ႔အားနဲ႔ တက္ႂကြေန ဆဲသတၱိနဲ႔ ဆင္ျခင္တုန္တရားနဲ႔ေပါင္းစပ္ထားတဲ့ဒီလိုခြန္အားမ်ိဳး အားက်ပါရေစတမူး ၿမိဳ႕ေလးသာေသးတယ္ကေလး နာမယ္သာငယ္ေနမယ္ဂန႔္ေဂါ ၿမိဳ႕ကေလးသာေခါင္ရွာတာဒီၿမိဳ႕ေတြကျပည္သူေတြရဲ့အရည္အေသြးနဲ႔ခြန္အားကေတာ့မေသးငယ္ေစရေအာင္ ခမ္းနားႀကီးက်ယ္တဲ့ကိုယ္ခ်င္းစာစိတ္မေခါင္းပါးတဲ့ၿမိဳ႕ငယ္ကေလးမ်ား ပါရဲရင့္လိုက္ၾကတာေလးစားခ်စ္ခင္ဂုဏ္ယူေနပါေၾကာင္း ” ဆိုၿပီး ေရးသားထားတာျဖစ္တဲ့အတြက္ ပရိသတ္ေတြလည္း သိရွိေစရန္ တစ္ဆင့္ျပန္လည္ကူးယူ တင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
Credit…..

သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဖေဖော်ဝါရီလမှ စတင်ပြီး လူထုလှု ပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တရားတွေကို ထုတ်ဖော်ပြသနေတာကြောင့် ပရိသတ်တွေကပါ အားကျ အတုယူ နေကြရတာပါ။ လတ်တလော အခြေအနေတွေကြောင့် တိမ်းရှောင်နေရပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက်မှနေပြီး သတင်း အချက်အလက်တွေကို ဝေမျှပေးနေတာပါ။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်း ရဲ့ Facebook အကောင့်တွင် သူတောင် မလုပ်ရဲတဲ့ ကိစ္စတွေကို သတ္တိရှိရှိပါဝင် နေကြတဲ့ မြို့နယ်တစ်ချို့က ပြည်သူတွေအား လေးစားဂုဏ်ယူနေကြောင်းကို ရေးသားဝေမျှပေးထားတာပါ။ အခု လက်ရှိမှာလည်း အမှန်တရားဘက်က ရပ်တည်တဲ့သူမှန်သမျှ တတ်နိုင်တဲ့ ဘက်ကနေ လူထုလှုပ်ရှားမှုတွေမှာ ပါဝင် နေကြတာဟာလည်း ဝမ်းသာစရာပါပဲနော်။

သူကလည်း ” မြှောက်ပေးတယ် ပြောလည်းမတတ်နိုင်ဂရုလည်းမစိုက် ကိုယ်တောင် မလုပ်ရဲတဲ့တစ်ချို့ကိစ္စတွေ ကိုတော့ လေးစားကြောင်းဂုဏ်ယူကြောင်းလောက် ကိုချီးကျူးပါရစေ ဂုဏ်ပြုပါရစေတောင်ဒဂုံဒီမတိုင်ခင်စပြီးအဖိခံရကတည်းကအနီရောင်အဆင့်တောင် မကအောင်ခြေမုန်းခဲ့သမျှ ခုထိအကျအဆုံးများစွာနဲ့ကြံ့ကြံ့ခံတော်လှန်နေတာဂုဏ်ယူကြောင်းပြောပါရစေ လှိုင် လူညီတယ် ဘယ်လိုဖိဖိ တစ်ခုမဟုတ်တစ်ခုကတော့ ထူးခြားစေရမယ်အတွေးအခေါ်လည်းကောင်းတယ်

လေးစားပါရစေမုံရွာကြိုက်လိုက်တာဗျာ အရှိန်အဟုန်နဲ့ခွန်နဲ့အားနဲ့ တက်ကြွနေ ဆဲသတ္တိနဲ့ ဆင်ခြင်တုန်တရားနဲ့ပေါင်းစပ်ထားတဲ့ဒီလိုခွန်အားမျိုး အားကျပါရစေတမူး မြို့လေးသာသေးတယ်ကလေး နာမယ်သာငယ်နေမယ်ဂန့်ဂေါ မြို့ကလေးသာခေါင်ရှာတာဒီမြို့တွေကပြည်သူတွေရဲ့အရည်အသွေးနဲ့ခွန်အားကတော့မသေးငယ်စေရအောင် ခမ်းနားကြီးကျယ်တဲ့ကိုယ်ချင်းစာစိတ်မခေါင်းပါးတဲ့မြို့ငယ်ကလေးများ ပါရဲရင့်လိုက်ကြတာလေးစားချစ်ခင်ဂုဏ်ယူနေပါကြောင်း ” ဆိုပြီး ရေးသားထားတာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း သိရှိစေရန် တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
Credit…..